Local News

ရွှေဘိုခရိုင်အတွင်း မြေပဲလုံးဆန်ဈေးနှုန်းများ အခြေအနေ

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ရှိ ပဲ၊ နှမ်းကုန်စည်ဒိုင်သို့ မြေပဲလုံးဆံ (နီ၊ဖြူ)များ စက်တင်ဘာလ(တတိယပတ်) မှစတင်၍ ဝင်ရောက်ခဲ့ပြီး စက်တင်ဘာလ (နောက်ဆုံးပတ်)တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းများမှာမြေပဲလုံးဆန်(နီ) တစ်တင်းလျှင် ကျပ်(၁၀၈,၈၀ဝိ/-)ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှု အနေဖြင့် (၇၅၀) တင်း၊ တန်အားဖြင့် (၁၇) တန်၊ မြေပဲလုံး ဆန် (ဖြူ) တစ်တင်းလျှင် ကျပ် (၁၀၈,၈၀ဝိ/-) ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်းအရောင်းအဝယ်ဖြစ် မှုအနေဖြင့် (၄၂၀၀) တင်း၊ တန်အားဖြင့် (၉၆) တန် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ စက်တင်ဘာလ(တတိယပတ်)နှင့် စက်တင်ဘာလ (နောက်ဆုံးပတ်) အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းများနှိုင်းယှဉ်ပါက စက်တင်ဘာလ  (တတိယပတ်) တွင် မြေပဲလုံးဆန် (နီ)တစ်တင်းလျှင် ကျပ်(၁၁၂,၀၀ဝိ/-) နှင့် မြေပဲလုံးဆန် (ဖြူ) တစ်တင်းလျှင် ကျပ် (၁၀၇,၂၀ဝိ/-) ပေါက်ဈေးရှိခဲ့ကြောင်း သိရသည်။

Source: https://commerce.gov.mm

 

Category: Local News