Local News

ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော အစေ့ထုတ်ပြောင်း

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ရှိ ပဲ၊ နှမ်းကုန်စည်ဒိုင်သို့ အစေ့ထုတ်ပြောင်းများ စက်တင်ဘာလ (တတိယပတ်) မှ စတင်၍ စတင်ဝင်ရောက်ခဲ့ပြီး စက်တင်ဘာလ (နောက်ဆုံးပတ်) တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာအစေ့ထုတ်ပြောင်းတစ်တင်းလျှင်ကျပ်(၁၆,၆၀ဝိ/-) ပေါက်ဈေး ရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ် ဖြစ်မှုမှာ (၉၀၀) တင်း၊ တန်အားဖြင့် (၂၂) တန်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ စက်တင်ဘာလ(တတိယပတ်)နှင့် စက်တင်ဘာလ (နောက်ဆုံးပတ်)အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းများနှိုင်းယှဉ်ပါက စက်တင်ဘာလ (တတိယပတ်) တွင် အစေ့ထုတ် ပြောင်းတစ်တင်းလျှင် ကျပ်(၁၈,၆၀ဝိ/-) ပေါက်ဈေးရှိခဲ့ကြောင်း သိရသည်။

Source: https://commerce.gov.mm

Category: Local News