Local News

ပဲဖတ်၊ နှမ်းဖတ်၊ နေကြာဖတ် ဈေးနှုန်းအခြေအနေ

Last Updated:

မန္တလေးကုန်စည်ဒိုင်တွင် မြေပဲ၊ နေကြာ၊ ဆီကြိတ်ခွဲရာမှ ထွက်ရှိလာသည့်ဆီကြိတ်ဖတ်များကို နေ့စဉ်ရောင်းဝယ်လျက်ရှိသည်။ မန္တလေးအနီးတဝိုက်မှထွက်ရှိသည့် ဆီကြိတ်ဖတ်များကို မန္တလေးကုန်စည်ဒိုင်တွင် ဈေးကွက်တခုအဖြစ်ဈေးဖွင့် ရောင်းဝယ်ကြခြင်းဖြစ်သည်။ မြေပဲ၊ နှမ်း၊ နေကြာ ကုန်ကြမ်းဈေးအနိမ့်အမြင့်နှင့် တိရစ္ဆာန်အစာဈေးကွက်ပေါ်မူတည်၍ ဆီကြိတ်ဖတ်ဈေးကွက်ပြောင်းလဲ ဖြစ်ပေါ်ကြောင်း၊ တိရစ္ဆာန်အစာတောင့်စက်ရုံများမှ နေကြာဖတ်ကို အဓိကထားဝယ်ယူပြီး၊ ငါးမွေးမြူရေးလုပ်ငန်းများမှ ပဲဖတ်၊ နှမ်းဖတ်ကို အဓိကထားဝယ်ယူကြောင်းသိရသည်။

ပဲဖတ် တစ်ပိဿာဈေးမှာ ယခုတစ်ပတ်တွင် ကျပ် ၂၄၅၀ မှ ၂၅၀၀၊ ယခင်တစ်ပတ် ကျပ် ၂၆၀၀ မှ ၂၆၅၀၊ ယခင်လ ကျပ် ၃၀၀၀ မှ ၃၁၅၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၅၀၊ ယခင်လထက် ကျပ် ၅၅၀ နိမ့်ကျလာသည်။ နှမ်းဖတ် တစ်ပိဿာဈေးမှာ ယခုတစ်ပတ်တွင် ကျပ် ၂၄၀၀ မှ ၂၄၃၀၊ ယခင်တစ်ပတ် ကျပ် ၂၅၀၀ မှ ၂၅၅၀ ၊ ယခင်လ ကျပ် ၂၆၇၀ မှ ၂၇၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀ မှ ၁၂၀၊ ယခင်လထက်ကျပ် ၂၇၀ နိမ့်ကျလာသည်။

နေကြာဖတ် တစ်ပိဿာဈေးမှာ ယခုတစ်ပတ်တွင် ကျပ် ၁၈၅၀  မှ ၁၉၀၀ ၊ယခင်တစ်ပတ် ကျပ် ၁၈၀၀ မှ ၁၈၅၀၊ ယခင်လကျပ် ၂၀၅၀ မှ ၂၁၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၅၀၊ ယခင်လ ထက်ကျပ် ၂၀၀ နိမ့်ကျလာသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

 

Category: Local News