Local News

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်တွင် ရှမ်းပြည်နယ်မှထွက်ရှိသည့် ကြက်သွန်ဖြူများ အ‌ရောင်းအဝယ်ကောင်းနေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်တွင် ရှမ်းပြည်နယ်ဘက်မှထွက်ရှိသည့် ကြက်သွန်ဖြူများ အရောင်းအဝယ်ကောင်းနေကြောင်း မအူပင်မြို့နယ်မှ လယ်ယာထွက်ကုန် ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူအောင်က ပြောပြ၍ သိရသည်။

မအူပင်မြို့နယ်ဘက်သို့ ရှမ်းပြည်နယ်မှထွက်ရှိသည့် ကြက်သွန်ဖြူပိဿာချိန် ၅၀၀ နှင့်အထက် နေ့စဉ်အရောင်းအဝယ်ဖြစ်နေကြောင်း၊ အဆိုပါကြက်သွန်ဖြူများ နိုဝင်ဘာလ တတိယပတ်မှစတင်ပြီး ယနေ့(အောက်တိုဘာလ ၅) ရက်နေ့ထိ သိသိသာသာအရောင်းအဝယ် ကောင်းမွန်လာပြီး လက်ရှိကြက်သွန်ဖြူပိဿာချိန် ၁၀၀ လျှင် ငွေကျပ် ၈၅၀၀၀၀ ထိ ဈေးပေါက်နေကြောင်း သိရသည်။

“ရှမ်းပြည်နယ်ဘက်ကနေ မအူပင်မြို့နယ်ဘက်ကို ကြက်သွန်ဖြူတွေ ပုံမှန်ဝင်ရောက်နေပါတယ်။ လက်ရှိ ကြက်သွန်ဖြူပိဿာချိန် ၁၀၀ ကို ငွေကျပ် ၈၅၀၀၀၀ ထိ ဈေးပေါက်နေပါတယ်။ ကြက်သွန်ဖြူက ပြည်တွင်းဈေးကွက်မှာတင် ဝယ်ယူအားများနေတာ။ လက်ရှိမအူပင်မြို့နယ် ဈေးကွက်အနေနဲ့ တစ်ရက်တာ ကြက်သွန်ဖြူပိဿာချိန် ၅၀၀ နဲ့အကျော်မှာပဲ အရောင်းအဝယ်ဖြစ်နေပါတယ်။ မအူပင်မြို့နယ်ဘက်ကို ဝင်ရောက်လာတဲ့ ကြက်သွန်ဖြူတွေက လတ်ဆတ်ပါတယ်။ အရည်အသွေးကလဲ မဆိုးပါဘူး”ဟု မအူပင်မြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူအောင်က ပြောပြသည်။

Source: ရတနာပုံသတင်းစာ

Category: Local News