Local News

မန္တလေးကုန်စည်ဒိုင် နှမ်းမျိုးစုံဈေးကွက် ဈေးမြင့်လာ

Last Updated:

မန္တလေးကုန်စည်ဒိုင်တွင်  ဒီဇင်ဘာလ ပထမပတ်အတွင်း နှမ်းမျိုးစုံဈေးကွက်ထဲ  ဝင်ရောက်နေပြီး၊ အရောင်းအဝယ်သွက်နေကြောင်းသိရသည်။  ပြည်ပဝယ်လက်ဝယ်ယူမှုရှိခြင်း၊ ဆီစက်ပိုင် များဝယ်ယူမှု သွက်လာခြင်းတို့ကြောင့် ဈေးမြင့်လာကြောင်း၊ မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။ နှမ်းနက်(စမုံ) ၄၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၉၅၀၀၀ မှ ၃၄၀၀၀၀၊ ယခင်တစ်ပတ်ကျပ် ၂၉၀၀၀၀ မှ ၃၃၅၀၀၀၊ ယခင်လကျပ်  ၂၇၀၀၀၀ မှ ၃၃၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၅၀၀၀၊ ယခင်လထက် ကျပ် ၁၀၀၀၀ မှ ၂၅၀၀၀ မြင့်တက်လာသည်။

နှမ်းဖြူ(ရိုးရိုး) ၄၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၃၁၅၀၀၀ မှ ၃၃၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၁၀၀၀၀ မှ ၃၃၀၀၀၀၊ ယခင်လကျပ် ၃၃၅၀၀၀ မှ ၃၅၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၅၀၀၀ မြင့်တက်လာပြီး ၊ ယခင်လထက်ကျပ် ၂၀၀၀၀ မှ ၂၅၀၀၀ နိမ့်ကျလာသည်။

နှမ်းညို ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၇၅၀၀၀ မှ ၂၈၀၀၀၀ ၊ ယခင် တစ်ပတ်ကျပ် ၂၈၀၀၀၀ မှ ၂၈၅၀၀၀ ၊ ယခင်လကျပ် ၂၇၀၀၀၀ မှ ၂၇၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ် ထက်ကျပ် ၅၀၀၀ နိမ့်ကျနေပြီး၊ ယခင်လထက်ကျပ်  ၅၀၀၀ မြင့်တက်လာသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီမှူးရုံး

Category: Local News