Local News

မန္တလေးကုန်စည်ဒိုင်တွင် ကုလားပဲဈေးနှုန်းများ အရောင်းသွက်၍ ဈေးမြင့်လာ

Last Updated:

ဒီဇင်ဘာလ ပထမပတ်အတွင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ ကုလားပဲမှာ ယခင်တစ်ပတ်ထက် ဈေးမြင့်လာသည်။ လက်ကျန်နည်းခြင်း၊ ပဲခွဲစက်များမှဝယ်ယူမှုရှိခြင်း၊ မျိုးသမားများ ဝယ်ယူမှုရှိခြင်းတို့ကြောင့် ဈေးမြင့်လာကြောင်း ကုလားပဲက ပြည်တွင်းစားသုံးမှု အဓိကဖြစ်၍ စက်ပိုင်၊ ပဲခွဲစက်တွေရဲ့ ဝယ်ယူမှုအပေါ်လိုက်ပြီး ဈေးနှုန်းအတက်အကျဖြစ်နေကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

ကုလားပဲဖြူလုံးကြီး(V-2) ၅၆.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၆၈၀၀၀ မှ ၂၇၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၆၈၀၀၀၊ ယခင်လ ကျပ် ၂၇၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၂၀၀၀ မြင့်တက်လာပြီး၊ ယခင်လအတိုင်းဈေးငြိမ်နေသည်။

ကုလားပဲဖြူလုံးကြီး(V-7) ၅၇.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၇၅၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၇၅၀၀၀၊ ယခင်လ ကျပ်၂၈၁၀၀၀ မှ ၂၈၂၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေပြီး၊ ယခင်လထက် ကျပ် ၆၀၀၀ မှ ၇၀၀၀ နိမ့်ကျလာသည်။   

ကုလားပဲ (ထိုင်ဝမ်) ၅၇.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၅၂၀၀၀ မှ ၂၅၅၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၅၀၀၀၀ မှ ၂၅၃၀၀၀၊ ယခင်လ ကျပ် ၂၅၇၀၀၀ မှ ၂၅၈၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ် ထက်ကျပ် ၂၀၀၀ မြင့်တက်လာပြီး၊ ယခင်လ ကျပ် ၃၀၀၀ မှ ၅၀၀၀ နိမ့်ကျလာသည်။

ကုလားပဲ(929) ၅၆.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ်  ၂၅၈၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၅၈၀၀၀၊ ယခင်လ ကျပ် ၂၆၂၀၀၀ မှ ၂၆၃၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ် အတိုင်းဈေးငြိမ်နေပြီး၊ ယခင်လထက် ကျပ် ၄၀၀၀ မှ ၅၀၀၀ နိမ့်ကျလာသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News