Local News

စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့်ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်နှင့် ရေထွက်ကုန်များဆက်တိုက်တင်ပို့လျက်ရှိ

Last Updated:

     အိမ်နီးချင်းနိုင်ငံဖြစ်သည့်  ဘင်္ဂလားဒေ့ရှ့်နိုင်ငံနှင့်မြန်မာနိုင်ငံတို့အကြားနယ်စပ်ဒေသမှတဆင့် ကုန်သွယ်မှုပြုရာတွင် ရခိုင်ပြည်နယ်ရှိ စစ်တွေကုန်သွယ်ရေး စခန်းနှင့် မောင်တောကုန်သွယ်ရေး စခန်းတို့မှတဆင့် တဖက်နိုင်ငံတက္ကနဗ်မြို့သို့ ကုန်စည်များတင်ပို့၊ တင်သွင်းလျက်ရှိသည်။ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကိုတင်ပို့လျက်ရှိပြီး၊ ရင်းနှီးမြှပ်နှံမှု ပစ္စည်းများ၊ လုပ်ငန်းသုံးကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကိုတင်သွင်းလျက်ရှိသည်။

     စစ်တွေကုန်သွယ်ရေးစခန်းမှ  ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့၂၀၂၃ခုနှစ်၊ မတ်လအတွင်း ဖေဖော်ဝါရီ လထက် လယ်ယာထွက်ကုန်ပစ္စည်းအမေရိကန်ဒေါ်လာ (၆၉၇၀၁၀) ဒေါ်လာနှင့် ရေထွက်ကုန်ပစ္စည်းအမေရိကန်ဒေါ်လာ (၁၇၁၇၂၆) ဒေါ်လာဖိုးပိုမိုတင်ပို့နိုင်ခဲ့သည်။ ထိုသို့ပိုမိုခဲ့ခြင်းမှာလယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် မန်ကျည်းစေ့၊ ဆီးဖတ်၊ ဆီးသီးခြောက်၊ အုန်းသီးခြောက်၊ အုန်းသီး၊ ကွမ်းသီးနှင့် ချင်းအစိုတို့ ပိုမိုတင်ပို့နိုင်ခဲ့သလို ရေထွက်ကုန်ပစ္စည်းများဖြစ်သည့်ငါးစုံလေးခြောက်၊ ငါးနီတူခြောက်နှင့် ငါးသလောက်တို့ ပိုမိုတင်ပို့နိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။

Source: https://www.commerce.gov.mm

Category: Local News