Local News

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

Last Updated:

     ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခု ဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ်စေ့၊ ဆီအုန်း ဖြစ်သည်။

       ၂၀၂၃ ခုနှစ်၊ ဧပြီလ ၀၁ ရက်နေ့မှ ၀၄ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၅၄၂)၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၆၁၈) သန်း၊ သွင်းကုန်တန်ချိန် (၄၇၇)၊ (၄၁၉၀) BBL၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၆၀၀) သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၁၈ သန်း ဖြစ်သည်။ အများဆုံးတင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်းမှာ ငါးမျိုးစုံနှင့် ကင်းမွန်တို့ဖြစ်ပြီး၊  အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ပီလောပီနံမှုန့်၊ ဆား၊ ဒီဇယ်၊ ဓာတ်ဆီ၊ ဆော်ဒါမှုန့်၊ ဆိုဒီယမ်ကာဗွန်နိတ် တို့ဖြစ်ကြောင်း သိရှိရသည်။

Source: https://www.commerce.gov.mm

Category: Local News