မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်ပစ္စည်းများကို တောင်ကိုရီးယားနိုင်ငံသို့ တရားဝင်တင်ပို့နိုင်ရေးအတွက် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)မှ တာဝန်ရှိသူများနှင့် တောင်ကိုရီးယားနိုင်ငံ Korea Foods Industry Development Association မှ တာဝန်ရှိသူများ ဆွေးနွေးမှုပြုလုပ်ထားကြောင်း သိရသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဇူလိုင်လ ၅ ရက်က တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ မြန်မာသံရုံးတွင် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် Korea Foods Industry Development Association (KFIDA) ဥက္ကဋ္ဌ မစ္စတာ ခရစ်စ်တို ဖီကင်မ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံမှုတွင် မြန်မာ့လယ်ယာထွက်ကုန်များကို တောင်ကိုရီးယားနိုင်ငံသို့ တရားဝင်တင်ပို့နိုင်ရေးနှင့် မြန်မာ့လယ်ယာထွက်ကုန်များကို ဝယ်ယူတင်သွင်းရန်အတွက် ကိုရီးယားစီးပွားရေးကိုယ်စားလှ
Source: Popular News Journal