Local News

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ် ၊ ဇူလိုင်လ (၂၂) ရက်နေ့မှ (၂၈) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှု အနီးစပ်ဆုံးကာလထက် (၀.၈၀၆) ဒေါ်လာသန်း ပိုမိုဆောင်ရွက်နိုင်ခဲ့

Last Updated:

     ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း အနေဖြင့် ယခုအပတ် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၂)ရက်နေ့မှ (၂၈) ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၉.၉၂၈) ဒေါ်လာသန်းနှင့် သွင်းကုန် (၁၉.၈၆၂) ဒေါ်လာသန်း ကုန်သွယ်မှုပမာဏအနေဖြင့် (၂၉.၇၉၀)ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး ယာဉ်အစီးရေအနေဖြင့် ပို့ကုန်(၇၁၈)စီး၊ သွင်းကုန်(၁၆၈၂)စီးဆောင်ရွက်နိုင်ခဲ့သည်။ယခင်အပတ် ၂၀၂၃ ဇူလိုင်လ (၁၅)ရက်နေ့မှ (၂၁) ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန် (၈.၂၄၆) ဒေါ်လာသန်းနှင့် သွင်းကုန် (၂၀.၇၃၈) ဒေါ်လာသန်း ကုန်သွယ်မှုပမာဏအနေဖြင့် (၂၈.၉၈၄) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခုတစ်ပတ်နှင့် ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး (၁.၆၈၂) ဒေါ်လာသန်း ပိုမိုဆောင်ရွက်နိုင်ခဲ့ပြီး သွင်းကုန်တန်ဖိုး (၀.၈၇၆) ဒေါ်လာသန်း လျောနည်းခဲ့သဖြင့် ကုန်သွယ်မှုမမာဏအနေဖြင့် (၀.၈၀၆) ဒေါ်လာသန်း ​ပိုမိုဆောင်ရွက်နိုင်ခဲ့သည်။

     တင်ပို့သည့် ပို့ကုန်အမည်များအနက် ဆန်ကွဲ၊ ပဲလွန်းဖြူ၊ မြေထောက်ပဲ၊ နိုင်လွန်ပဲ၊ ရော်ဘာ၊  ပဲတီစိမ်း၊ ထောပတ်ပဲ၊ စွန်တာနီ၊ ပဲယင်း၊ ပဲနီကြား၊ ချင်းအစို၊  CMP ပစ္စည်းများ တင်ပို့မှုပိုမို ခဲ့သောကြောင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက (၁.၆၈၂)ဒေါ်လာသန်း ပိုမိုခဲ့ခြင်းဖြစ်သည်။ တင်သွင်းသည့် သွင်းကုန်အမည်များအနက် ရင်းနှီးမြှပ်နှံမှုပစ္စည်းများအုပ်စုမှ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ၊ စက်နှင့်စက်ပစ္စည်းလျော့နည်းခဲ့သော်လည်း လယ်ယာသုံးနောက်တွဲယာဉ်၊ စက်နှင့်စက်ပစ္စည်း၊ တယ်လီဖုန်းနှင့်ဆက်သွယ်ရေးပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးနှင့်တပ်ဆင်ရေးပစ္စည်းများ၊ သံနှင့် သံမဏိ ဆောက်လုပ်ရေးပစ္စည်းများ ဝါယာကြိုးများ၊ အခြားပစ္စည်းများ  ပိုမိုတင်သွင်းမှုကြောင့် ယခင်တစ်ပတ်ထက် (၁.၂၉၄) ဒေါ်လာသန်း ပိုမိုတင်သွင်းခဲ့သည်။

     လုပ်ငန်းသုံးကုန်ကြမ်းအုပ်စုတွင် ဓါတုဗေဒပစ္စည်းများ၊ ဓါတ်ဆေးဆိုးဆေးများ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ ကုန်ထုတ်စက္ကူများ၊ ချည်ခင်များ၊ တာယာနှင့်ကျွတ်များ ပိုမိုခဲ့သော်လည်း ဓာတ်မြေသြဇာများ၊ သားရေတု ပြုလုပ်သောပစ္စည်းများ၊ အခြားပစ္စည်းများ လျော့နည်းတင်သွင်းခဲ့သဖြင့် ယခင်တစ်ပတ်အောက် (၁.၂၉၆) ဒေါ်လာသန်း တန်ဖိုးလျော့နည်းတင်သွင်းခဲ့သည်။ လူသုံးကုန်ပစ္စည်းအုပ်စုတွင် အချိုမှုန့်၊ အပ်ချည်ကြိုးများ၊ မိဖိုချောင်သုံးပစ္စည်းများ ပိုမိုခဲ့သော်လည်း ဘထ္ထရီခြောက်၊ ဆေးဝါး၊ ပရိဘောဂ၊ ဇာနှင့် ဇာနှင့်ထိုးထားသော အထည်အလိပ်များ၊ အခြားပစ္စည်း၊ ချည်ထည် တင်သွင်းမှုလျော့နည်းခဲ့သဖြင့်  ယခင်တစ်ပတ် အောက်(၀.၈၇၄)ဒေါ်လာသန်းတန်ဖိုး လျော့နည်းတင်သွင်းခဲ့သည်။

     ယခုတစ်ပတ်တွင် အများဆုံးပို့ကုန်(၁၀)မျိုးမှာ ပဲတီစိမ်း (၃၇၆၄.၀၀၀)တန်၊ ( ၂.၆၃၂ )ဒေါ်လာသန်း၊ ရော်ဘာ(၂၁၃၆.၀၀၀)တန်၊ (၂.၆၀၁)ဒေါ်လာသန်း၊ ပဲယင်း (၂၈၉၁.၉၈၈)တန်၊ (၂.၃၇၄)ဒေါ်လာသန်း၊ ထောပတ်ပဲ (၅၆၁.၀၀၀)တန်၊ (၀.၆၀၈)ဒေါ်လာသန်း၊ ဆန်ကွဲ(၁၂၆၀.၂၅၀)တန်၊ (၀.၄၆၁)ဒေါ်လာသန်း၊ မြေထောက်ပဲ  (၂၉၇.၀၀၀) တန်၊ (၀.၄၂၆)ဒေါ်လာသန်း၊ ရော်ဘာကြမ်း  ( ၃၅၂.၂၅  )တန်၊ ( ၀.၂၈၁)ဒေါ်လာသန်း၊ ပဲလွန်းဖြူ (  ၃၇၄.၀၀၀)တန်၊ (၀.၂၂၂)ဒေါ်လာသန်း၊ CMP (၁၄၃၄၈၄)U၊ (၀.၀၈၅)ဒေါ်လာသန်း၊ စွန်တာနီ ပဲ (၂၀၀.၅၀၀) တန်၊ (၀.၀၈၁) ဒေါ်လာသန်းဖြစ်သည်။

     ယခုတစ်ပတ်တွင် အများဆုံးသွင်းကုန်(၁၀)မျိုးမှာ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်း (၉.၁၅၃) ဒေါ်လာသန်း၊ ချည်ထည်များ (၃.၂၃၀)ဒေါ်လာသန်း၊ ဓာတ်မြေသြဇာများ (၁.၆၄၅) ဒေါ်လာသန်း၊ အထည်အလိပ်များ (၀.၉၆၉)ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ (၀.၇၈၂)ဒေါ်လာသန်း၊ လုပ်ငန်းသုံးအခြားပစ္စည်း (၀.၆၆၆)ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ(၀.၅၉၂)ဒေါ်လာသန်း၊ ရင်းနှီးအခြားပစ္စည်း (၀.၄၂၁)ဒေါ်လာသန်း၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးနှင့်တပ်ဆင်ရေးပစ္စည်းများ (၀.၃၂၇) ဒေါ်လာသန်း၊ လူသုံးကုန်အခြားပစ္စည်းများ (၀.၃၁၁) ဒေါ်လာသန်းဖြစ်သည်။

     ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှ ချင်းရွှေဟော်သို့ အတတ်ကုန်ကားခ ပို့ကုန် တစ်ပိဿာလျှင် (၇၉)ကျပ်ရှိကြောင်း သိရှိရသည်။ အဆင်းကုန်ကျစ်ကားခ တစ်ပိဿာလျှင် (၁၇၀) ကျပ် ကုန်ပွကားခ တစ်ပိဿာလျှင် (၁၈၅)ကျပ် ရှိကြောင်းသိရှိရပါသည်။ လယ်ယာထွက် ကုန်များ၏ (၁)တန်ဈေးနှုန်းမှာ ဆန်(၃၂၀၀)ယွမ်းနှုန်း၊ ဆန်ကွဲ(၃၁၀၀)ယွမ်နှုန်း၊ ပဲတီစိမ်း (၅၉၀၀)ယွမ်နှုန်း၊ မြေထောက်ပဲ (၈၀၀၀) ယွမ်နှုန်း၊ ပဲလွန်းဖြူ (၄၇၀၀) ယွမ်နှုန်း၊ ပြောင်း (၂၃၀၀)ယွမ်နှုန်း ၊ နှမ်း (၁၂၀၀၀) ယွမ်းနှုန်း၊ ရာဘာ (၈၀၀၀) ယွမ်နှုန်း၊ ငရုတ်(အစို )(၅၀၀၀)ယွမ်နှုန်း၊ ငရုတ်(ခြောက်)(၉၀၀၀) နှုန်း ရှိကြောင်းသိရှိရသည်။ မန္တလေး၊ လားရှိုး၊ သန္ဒီ၊ ကွမ်လုံ၊ ချင်းရွှေဟော်ကုန်သွယ်ရေးလမ်းကြောင်း ကောင်းမွန်ပြီးပို့ကုန်ယာဉ်၊ သွင်းကုန်ယာဉ်များာ လွယ်ကူချောမွေစွာသွားလာနိုင်ကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News