Local News

တာချီလိတ်ကုန်သွယ်ရေးစခန်း၏ (၂၂-၇-၂၀၂၃)ရက်နေ့မှ (၂၈-၇-၂၀၂၃)ရက်နေ့တွင် ပို့ကုန်သွင်းကုန် ကုန်သွယ်နိုင်မှု အခြေအနေ

Last Updated:

     တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၂၂-၇-၂၀၂၃ မှ ၂၈-၇-၂၀၂၃)ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်းတန်ချိန် (၈၆၂.၂၀၉) တန်၊ တန်ဖိုး (၀.၂၄၀)ဒေါ်လာသန်း၊ ကြက်သွန်နီတန်ချိန် (၄၅)တန်၊ တန်ဖိုး(၀.၀၂၃)ဒေါ်လာသန်း၊ ကြက်သွန်ဖြူ တန်ချိန်(၁၁၈)တန်၊ တန်ဖိုး(၀.၂၂၈) ဒေါ်လာသန်း၊ ကတ်ထူစက္ကူအဟောင်း တန်ချိန်(၁၆၈)တန်၊ တန်ဖိုး (၀.၀၁၉) ဒေါ်လာသန်း၊ ပလပ်စတစ်ဖြတ်စ တန်ချိန် (၂၀)တန်၊ တန်ဖိုး (၀.၀၀၉)ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ ယခုလဆန်းပိုင်း၌ တစ်ဖက်နိုင်ငံဝယ်လက်သည် ပြောင်း ၁ ကီလိုလျှင် (၉.၅)ဘတ်မှ (၉.၈)ဘတ်ခန့်သာ ဈေးပေးဝယ်ယူခြင်း၊ တာချီလိတ် စိုက်ပျိုးရေးဦးစီးဌာနမှ အဆိပ်ငွေ့မှိုင်းတိုက်ခြင်းလုပ်ငန်းစဉ် မှန်ကန်မှု ရှိ/မရှိ စစ်ဆေးပြီးမှသာ Phythosanitary Certificate ကို ထုတ်ပေးမည်ဖြစ်သည့်အတွက် ဇူလိုင်လ ၂၅ ရက်နေ့မှစ၍ စိုက်ပျိုးရေး ဦးစီးဌာနမှ Phythosanitary Certificate ထုတ်ပေးနိုင်ခြင်း မရှိဘဲ ယခင် Phythosanitary Certificate ရရှိပြီးဖြစ်သော ပမာဏသာ တင်ပို့နိုင်ခြင်းတို့ကြောင့် ပြောင်းတင်ပို့မှုလျော့နည်းကြောင်း တွေ့ရှိရပါသည်။  တာချီလိတ် ကုန်သွယ်မှု လမ်းကြောင်းတစ်လျှောက်ရှိ(၄)မိုင်ဂိတ်၊ တာကော်တံတားဂိတ်၊ ကျိုင်းတုံ (နောင်နွန်း ဂိတ်)၊ မိုင်းဖြတ်ဂိတ်၊ ဝှေ့ရဲဂိတ်တို့မှ ပို့ကုန်ယာဉ်များအား ကုန်ပစ္စည်းသယ်ဆောင်ခွင့်လက်မှတ် (QR) စစ်ဆေး၍ဆောင်ရွက်နေသည့်အတွက် ကုန်သွယ်မှုတွင်လွယ်ကူချောမွေ့လျက်ရှိပါသည်။ ငွေလဲနှုန်း အနေဖြင့် ကျပ်(၁) သိန်းလျှင် (၁၀၇၃)ဘတ်ဖြစ်ပေါ်ခဲ့သည်။

     တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိကတင်သွင်းလျက်ရှိရာ ယခုအပတ်တွင် ဘိလပ်မြေ (၀.၃၅၀) ဒေါ်လာသန်း၊ ရေနံထွက်ပစ္စည်း(၀.၅၅၈)ဒေါ်လာသန်း၊ တွင်းထွက်(သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၀.၁၉၇) ဒေါ်လာ သန်း၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ (၀.၀၁၈) ဒေါ်လာသန်း၊ ပလပ်စတစ် ကုန်ကြမ်း(၀.၀၄၄) ဒေါ်လာသန်း၊ သုတ်ဆေး/ပေါလစ်များ (၀.၀၀၄) ဒေါ်လာသန်းအပါအဝင် သွင်းကုန်တန်ဖိုး(၁.၂၀၉) ဒေါ်လာသန်းတင်သွင်းခဲ့သည်။ ဈေးနှုန်းအနေဖြင့် ဘိလပ်မြေတစ်တန်လျှင်(၁၆၈)ဒေါ်လာ၊ ဒီဇယ်ဆီတစ်တန်လျှင် (၈၄၄.၅၇၅)ဒေါ်လာ၊ ဓါတ်ဆီ တစ်တန်လျှင်(၉၆၀.၅၂)ဒေါ်လာဖြစ်သည်။

Source: https://commerce.gov.mm

Category: Local News