Local News

မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန် (၃၀-၇-၂၀၂၃) ရက်နေ့ ကုန်သွယ်မှုအခြေအနေ

Last Updated:

     မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (၃၀-၇-၂၀၂၃) ရက်နေ့တွင် ပို့ကုန်တန်ဖိုးကန် ဒေါ်လာ (၀.၈၂၀) သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (၁.၁၉၉) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (၂.၀၁၉) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငါးရှဉ့်  (၄၉.၀၈၀) တန်၊ တန်ဖိုးကန် ဒေါ်လာ (၀.၁၄၈)သန်း၊ ပြောင်းဖူးစေ့ (၄၀၇.၀၀၀)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၁၁၄)သန်း၊ ပဲတီစိမ်း (၁၃၇.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၉၈) သန်း၊ နနွင်းတက်(၁၈၇.၅၅၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၉၅) သန်း၊ ဆန်ကွဲ (၁၇၆.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၇၃) သန်း၊ ကြက်သွန်ဖြူ(၂၈.၀၀၀) တန်၊ တန်ဖိုး (၀.၀၅၉) ဒေါ်လာသန်း၊ ကဏန်း(၁၄.၅၅၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၅၆) သန်း၊ ကြက်သွန်နီ(၁၃၆.၀၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၅၅) သန်း၊ ပုစွန်ဖွဲ(၁၀၀.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၈) သန်း၊ မိကျောင်းကွမ်းဖတ်စေ့(၂၀.၈၀၀) တန်၊ တန်ဖိုး (၀.၀၂၀) ဒေါ်လာသန်းတို့ ဖြစ်ပါသည်။

     အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ Android TVတန်ဖိုး ကန်ဒေါ်လာ(၀.၀၉၆)သန်း၊ စပျစ်သီးတန်ဖိုးကန်ဒေါ်လာ(၀.၀၄၈)သန်း၊ ဆောက်လုပ်ရေသုံး ကွန်ကရစ်မှုန့် တန်ဖိုးကန်ဒေါ်လာ(၀.၀၄၀)သန်း၊ ဆေးသကြား တန်ဖိုးကန်ဒေါ်လာ(၀.၀၃၉)သန်း၊ ကြွေပန်းကန်တန်ဖိုး ကန်ဒေါ်လာ(၀.၀၃၀)သန်း၊ ဘတ္ထရီများတန်ဖိုး ကန်ဒေါ်လာ (၀.၀၂၇) သန်း၊ Cylinder Liner တန်ဖိုးကန်ဒေါ်လာ(၀.၀၁၈)သန်း၊ တစ်ရှူးစက္ကူများ တန်ဖိုးကန်ဒေါ်လာ(၀.၀၁၆)သန်း၊ PVC Flim ပြား တန်ဖိုး ကန်ဒေါ်လာ(၀.၀၁၆)သန်း၊ Clutch Plate တန်ဖိုး ကန်ဒေါ် လာ (၀.၀၁၅)သန်းတို့ဖြစ်သည်။

   ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့မှ (၃၀) ရက်နေ့ထိ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ(၃၂.၉၈၀)သန်း၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (၅၀.၅၆၃)သန်း၊ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ (၈၃.၅၄၃) သန်း ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ MACCS စနစ်အရ ငွေလဲနှုန်းတစ်ယွမ်လျှင် (၂၉၃.၂၃၇၅)ကျပ်ဖြင့် တွက်ချက်ထားရှိခြင်းဖြစ်ပြီး လက်ရှိတွင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရ ပါသည်။ အတက်ကုန် မန္တလေးမှ ကျိန်စမ်းကျော့သို့ ကားခတစ်ပိဿာလျှင် ကျပ် ၂၀၀/- နှုန်းဖြစ်ပါသည်။ အဆင်းကုန် ကျိန်စမ်းကျော့မှ မန္တလေးသို့   ကားခ ကုန်ကျစ်တစ်ပိဿာလျှင် ၂၀၀/- ကျပ်နှုန်း၊ ကုန်ပွ တစ်ပိဿာလျှင် ကျပ် ၂၅၀/- မှ ကျပ် ၃၀၀/- နှုန်းခန့် ရှိပါသည်။

     (၃၀-၇-၂၀၂၃)ရက်နေ့အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအား ငါးရှဉ့်(၁) တန်လျှင် အမေရိကန်ဒေါ်လာ (၃၀၁၄.၈၇၇) နှုန်း၊ ပြောင်းဖူးစေ့(၁) တန်လျှင် အမေရိကန် ဒေါ်လာ (၂၈၀.၈၁၀) နှုန်း၊ ပဲတီစိမ်း (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၇၁၇.၅၀၉) နှုန်း၊  နနွင်းတက် (၁) တန်လျှင် အမေရိကန် ဒေါ်လာ (၅၀၃.၆၃၁) နှုန်း၊ ဆန်ကွဲ(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၄၁၇.၅၂၂) နှုန်း၊ ကြက်သွန်ဖြူ (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၂၁၁၁.၇၂၉) နှုန်း၊ ကဏန်း (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၃၈၂၃.၆၇၇)နှုန်း၊ ကြက်သွန်နီ (၁)တန်လျှင် အမေရိကန်ဒေါ်လာ(၄၀၅.၄၆၅)နှုန်း၊ ပုစွန်ဖွဲ(၁) တန်လျှင် အမေရိကန်ဒေါ်လာ (၄၈၀.၈၉၁)နှုန်း ၊ မိကျောင်းကွမ်းဖတ်စေ့ (၁)တန်လျှင် အမေရိကန် ဒေါ်လာ (၉၄၈.၆၉၃) နှုန်း တင်ပို့နိုင်ခဲ့ပါသည်။

     (၂၄-၇-၂၀၂၃) ရက်နေ့ မှ (၃၀-၇-၂၀၂၃) ရက်နေ့အတွင်း အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငါးရှဉ့်(၃၆၂.၆၄၀)တန်၊ တန်ဖိုးကန် ဒေါ်လာ(၁.၀၈၉)သန်း၊ ကဏန်း (၁၉၅.၁၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၇၇၂)သန်း၊ ကြက်သွန်နီ (၁၁၇၇.၀၀၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၄၇၂) သန်း၊ နနွင်းတက် (၇၈၆.၄၀၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၄၀၄)သန်း၊ ကြေးနီ(၁၃၉.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၃၉၈)သန်း၊ ပုစွန်ဖွဲ (၇၆၂.၀၀၀)တန်၊ တန်ဖိုး (၀.၃၆၅)ဒေါ်လာသန်း၊ ဝါဂွမ်း (၁၈၂.၀၂၇) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၃၂၆)သန်း၊ ဆန်ကွဲ (၇၉၃.၅၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၃၂၁) သန်း၊ ပဲတီစိမ်း (၃၈၉.၅၀၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၂၈၄)သန်း၊ ပြောင်းဖူးစေ့ (၉၉၂.၀၀၀) တန်၊ တန်ဖိုး (၀.၂၇၇) ဒေါ်လာသန်းတို့  ဖြစ်ပါသည်။

     (၂၄-၇-၂၀၂၃) ရက်နေ့ မှ (၃၀-၇-၂၀၂၃) ရက်နေ့အတွင်း အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့် ယာဉ်ယန္တရားများ တန်ဖိုးကန် ဒေါ်လာ(၁.၄၀၃) သန်း၊ စက်သုံးဆီ တန်ဖိုးကန်ဒေါ်လာ (၀.၉၅၅) သန်း၊ ပိုးသတ်ဆေး တန်ဖိုးကန်ဒေါ်လာ (၀.၄၂၉) သန်း၊ သံပိုက် တန်ဖိုး ကန်ဒေါ်လာ (၀.၂၃၂) သန်း၊ သံချောင်းလုံး တန်ဖိုး ကန်ဒေါ်လာ (၀.၂၀၅) သန်း၊ အလူမီနီယံတံခါးဘောင် တန်ဖိုးကန်ဒေါ်လာ (၀.၁၈၄) သန်း၊ ဖိနပ်အမျိုးမျိုး တန်ဖိုး ကန် ဒေါ်လာ (၀.၁၆၆) သန်း၊ SKD စနစ်ဖြင့် တင်သွင်းသည့် မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ တန်ဖိုးကန်ဒေါ်လာ (၀.၁၅၅) သန်း၊ စပျစ်သီး တန်ဖိုး ကန်ဒေါ်လာ (၀.၁၃၉) သန်း၊ ဆောက်လုပ်ရေးသုံး ကွန်ကရစ်မှုန့် တန်ဖိုး ကန်ဒေါ်လာ (၀.၁၁၈) သန်းတို့ ဖြစ်သည်။

     (၂၄-၇-၂၀၂၃) ရက်နေ့ မှ (၃၀-၇-၂၀၂၃) ရက်နေ့အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအား ငါးရှဉ့် (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၃၀၀၂.၄၄၇)နှုန်း၊ ကဏန်း (၁) တန်လျှင် အမေရိကန် ဒေါ်လာ (၃၉၅၈.၂၀၈)နှုန်း၊ ကြက်သွန်နီ(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၄၀၀.၈၁၄) နှုန်း၊ နနွင်းတက် (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၅၁၄.၃၀၈)နှုန်း၊ ကြေးနီ (၁) တန်လျှင် အမေရိကန် ဒေါ်လာ (၂၈၆၁.၄၈၆) နှုန်း၊  ပုစွန်ဖွဲ (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၄၇၈.၇၁၇) နှုန်း၊ ဝါဂွမ်း(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၇၉၀.၅၄၉) နှုန်း၊ ဆန်ကွဲ(၁)တန်လျှင် အမေရိကန် ဒေါ်လာ (၄၀၄.၀၃၁)နှုန်း၊ ပဲတီစိမ်း (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၇၂၇.၉၉၆) နှုန်း၊ ပြောင်းဖူးစေ့ (၁) တန်လျှင် အမေရိကန် ဒေါ်လာ (၂၇၈.၉၀၈) နှုန်းဖြင့် တင်ပို့နိုင်ခဲ့သည်။

     မူဆယ်ဒေသမှ တရုတ်နိုင်ငံသို့ ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြန်မာပြည်အနှံ့အပြားမှ မူဆယ်၊ မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်သွင်း/တင်ပို့ ကြရသည်ဖြစ်သဖြင့် ကုန်သွယ်မှုဆောင် ရွက်နေသည့် လုပ်ငန်းရှင်/ကိုယ်စားလှယ်များအနေဖြင့် သတ်မှတ်လုပ်ထုံး/လုပ်နည်းများ အချိန်နှင့် တပြေးညီသိရှိအောင် ဆောင်ရွက်သင့်သည်။ ထို့အပြင် ကုန်သွယ်ဖက်နိုင်ငံရှိ ကုန်သည်လုပ်ငန်းရှင်များနှင့် ချိတ်ဆက်၍လည်း ၎င်းတို့၏ မူဝါဒလုပ်ထုံးလုပ်နည်းများ သိရှိအောင် ဆောင်ရွက်ခြင်းဖြင့် ကုန်သွယ်မှုကိစ္စရပ်များအား တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်သည်။

  ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်ရှိ ရာသီဥတုနှင့် လမ်းကြံ့ခိုင်မှုအခြေအနေ၊ နယ်မြေဒေသအခြေအနေတို့ကို ကုန်သည်လုပ်ငန်းရှင်များအချင်းချင်းချိတ်ဆက်သတင်းရယူခြင်း၊ သက်ဆိုင်ရာ ကုန်သည်အသင်းအဖွဲ့များ၊ ညီနောင်အသင်းများဖြင့် ချိတ်ဆက်ခြင်းအပြင် လိုအပ်ပါကသက်ဆိုင်ရာ အစိုးရဌာနများသို့ သတင်းပို့တင်ပြခြင်းများ ဆောင်ရွက်သင့်သည်။ တင်သွင်း/တင်ပို့လိုသည့် ကုန်ပစ္စည်းအမယ်အသစ်များရှိပါကလည်း သက်ဆိုင်ရာ အစိုးရဌာန များသို့ သတင်းပို့ချိတ်ဆက်ဆောင်ရွက်ရန်လိုအပ်သည်။ လက်ရှိကာလအနေဖြင့် မန္တလေး-လားရှိုး-မူဆယ် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News