Local News

မောင်တောကုန်သွယ်ရေးစခန်း၏၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၁-၇-၂၀၂၃ မှ၃၀-၇-၂၀၂၃ထိ) တင်ပို့/တင်သွင်းမှုအခြေအနေ

Last Updated:

     ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဇူလိုင်လ လျာထားချက်မှာ ပို့ကုန်(၁.၀၀၀)ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၃၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၀၃၀)ဒေါ်လာသန်းဖြစ်ပြီး ဇူလိုင်လ (၁-၇-၂၀၂၃ မှ ၃၀-၇-၂၀၂၃ထိ) အမှန်ဆောင်ရွက်နိုင်မှုမှာပို့ကုန် (၁.၀၂၈) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၈၅) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၁၁၃)ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက်အပေါ် (၁၀၈.၀၆%) ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်သည်။

     မောင်တောကုန်သွယ်ရေးစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ လယ်ယာထွက် ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများနှင့်စက်မှုကုန်ချောပစ္စည်းများကို အဓိကတင်ပို့လျက်ရှိပါတယ်။ ဇူလိုင်လ (၁-၇-၂၀၂၃ မှ ၃၀-၇-၂၀၂၃ ထိ)တင်ပို့ခဲ့သည့်ကုန်ပစ္စည်းများမှာ လယ်ယာထွက်ကုန်ပစ္စည်းမှာ ချင်း(အစို) (၂၃၅၂.၅)တန်၊ တန်ဖိုး (၀၄၈၈)ဒေါ်လာသန်း၊ ဒညင်းသီး (၁၄၄.၃)တန်၊ တန်ဖိုး (၀.၀၄၄)ဒေါ်လာသန်း၊ ဆီးသီးခြောက်(၅)တန်၊ တန်ဖိုး(၀.၀၀၁)ဒေါ်လာသန်း၊ ဝဥ(၂၀)တန်၊ တန်ဖိုး(၀.၀၀၂)ဒေါ်လာသန်း၊ ကွမ်းသီး (၁)တန်၊ တန်ဖိုး (၀.၀၀၁)ဒေါ်လာသန်း၊ ထန်းလျက် (၃)တန်၊ တန်ဖိုး (၀.၀၀၃)ဒေါ်လာသန်း၊ နနွင်းတက် (၈)တန်၊ တန်ဖိုး (၀.၀၀၄)ဒေါ်လာသန်း၊ ရေထွက်ပစ္စည်းမှာ ငါးမြစ်ချင်း (၂၇၉.၉၁၂)တန်၊ တန်ဖိုး (၀.၃၅၅) ဒေါ်လာသန်း၊ ငါးသလောက်(၁.၀၆) တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်း၊ ပုဇွန်ခြောက် (၀.၂)တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊ ငါးစုံလေးခြောက် (၁၀၈.၅)တန်၊ တန်ဖိုး (၀.၀၆၈) ဒေါ်လာသန်း၊ ငါးခေါင်းပွ (၈.၆၆)တန်၊ တန်ဖိုး(၀.၀၁၁)ဒေါ်လာသန်း၊ ငါးကုန်းညိုခြောက် (၁၃)တန်၊ တန်ဖိုး (၀.၀၂၄)ဒေါ်လာသန်း၊ စက်မှုကုန်ချောပစ္စည်းများမှာသနပ်ခါးခဲ (၃.၅)တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း၊ ဆီးယိုထုတ်(၂၂.၅)တန်၊ တန်ဖိုး(၀.၀၀၇)ဒေါ်လာသန်း၊ လူကြီးစီးဖိနပ် (၁၇၀၀)စုံ၊တန်ဖိုး(၀.၀၀၁)ဒေါ်လာသန်း၊ မုန့်ဖတ်ခြောက် (၁.၃)တန်၊တန်ဖိုး(၀.၀၀၁)ဒေါ်လာသန်းတင်ပို့ခဲ့ပါတယ်။ တင်သွင်းခဲ့သည့်ကုန်ပစ္စည်းများမှာ PVC Pipe (၄၁.၆၅) တန်၊ တန်ဖိုး (၀.၀၅၀) ဒေါ်လာသန်း၊PVC Tank (၈၄၅) U ၊ တန်ဖိုး (၀.၀၃၄) ဒေါ်လာသန်း၊ Men's T-Shirt (၅၀၀)U ၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊ Foam Slipper (၁၀၀၀)PR၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း တင်သွင်းခဲ့သည်။

    မောင်တောကုန်သွယ်ရေးစခန်းမှ အများဆုံးတင်ပို့သည့် ပို့ကုန်ပစ္စည်းများ၏ ဈေးနှုန်းများမှာ ဂျင်း(အစို) (၁)တန်လျှင်(၂၀၀)ဒေါ်လာ၊ ဒညင်းသီး (၁) တန်လျှင် (၃၀၀) ဒေါ်လာ၊ ငါးသလောက် (၁) တန်လျှင်(၂၀၅၀)ဒေါ်လာဖြစ်ပြီး၊ ငါးမြစ်ချင်း(၁)တန်လျှင် (၁၂၆၆)ဒေါ်လာ၊ ငါးခေါင်းပွ (၁)တန်လျှင် (၁၃၀၆) ဒေါ်လာ၊ ငါးကုန်းညိုခြောက် (၁)တန်လျှင် (၁၈၃၀) ဒေါ်လာ၊ ငါးစုံလေးခြောက် (၁) တန်လျှင် (၆၃၀)ဒေါ်လာ၊ ဝဥ (၁)တန်လျှင် (၁၁၀)ဒေါ်လာ၊ ကွမ်းသီး (၁)တန်လျှင် (၁၀၀၀)ဒေါ်လာ၊ သနပ်ခါးခဲ (၁)တန်လျှင် (၅၀၀)ဒေါ်လာ၊ ထန်းလျက် (၁)တန်လျှင် (၈၈၀)ဒေါ်လာ၊ ဆီးယိုထုတ် (၁)တန်လျှင်  (၃၃၀)ဒေါ်လာ၊ ဆီးသီးခြောက် (၁) တန်လျှင် (၁၇၀)ဒေါ်လာ၊ နနွင်းတက် (၁)တန်လျှင် (၅၆၂)ဒေါ်လာ၊ PVC Tank (၁) U လျှင်  (၈၄၀၀၀) ကျပ်၊ PVC Pipe (၁) တန်လျှင်(၂၅၂၀၀၀၀) ကျပ်၊ လူကြီးစီးဖိနပ် (၁)U လျှင် (၁၂၆၀)ဒေါ်လာ၊ မုန့်ဖတ်ခြောက် (၁)တန်လျှင် (၁၁၀၀)ဒေါ်လာ၊ Men's T-Shirt (၁)Uလျှင် (၂၁၀၀)ကျပ်၊ Foam Slipper (၁)PR လျှင် (၉၂၄)ကျပ် ဈေးနှုန်းရှိသည်။             

       မောင်တောကုန်သွယ်ရေးစခန်းသို့ ကုန်ပစ္စည်းများဝင်ရောက်သည့် ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် စစ်တွေ-ဘူးသီးတောင်-မောင်တောလမ်းကြောင်းနှင့် စစ်တွေ-အငူမော်-မောင်တော လမ်းကြောင်းတို့ဖြစ်ပြီး  ယခုအခါ  စစ်တွေ-အငူမော်-မောင်တော  လမ်းကြောင်းမှကုန်ပစ္စည်းများ အဓိက   ဝင်ရောက်လျက်ရှိပြီး   ကညင်ချောင်း  စီးပွားရေးဇုန်မှတစ်ဆင့်  တစ်ဖက်  ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်သို့ တင်ပို့လျက်ရှိသည်။ စစ်တွေမှ မောင်တောသို့ အတက်ကုန်ကားခ တစ်ပိဿာ ကုန်ကျစရိတ်အနေဖြင့် ကုန်ကျစ် တစ်ပိဿာကျပ် (၇၀) ကျပ်၊ ကုန်ပွတစ်ပိဿာ ကျပ် (၁၁၀) ကျပ်ဈေးရှိပြီး၊ အဆင်းကုန်ကားခ ကုန်ကျစ် တစ်ပိဿာ ကျပ် (၅၀) ကျပ်နှင့် ကုန်ပွတစ်ပိဿာ ကျပ် (၈၀) ကျပ်ဈေးရှိကြောင်း သိရှိရသည်။

     မောင်တောမြို့တွင် ဖြစ်ပေါ်နေသော အခြေခံစားကုန် ဈေးနှုန်းများမှာ ပေါ်ဆန်းမွေး (၁) အိတ် (၁၁၇၀၀၀) ကျပ်၊ ဧည့်မထ (၁)အိတ် (၈၅၀၀၀)ကျပ်၊ ကြက်သွန်နီ(၁)ပိဿာ (၂၈၀၀)ကျပ်၊  ကြက်သွန်ဖြူ  (၁)  ပိဿာ (၈၀၀၀)  ကျပ်၊  ငရုတ်သီးခြောက်  (၁)  ပိဿာ  (၂၀၀၀၀)  ကျပ်၊  ကြက်ဥ (၃)လုံး (၁၀၀၀)ကျပ်၊ စားအုန်းဆီ (၁)ပိဿာ (၈၀၀၀)ကျပ်။ တစ်ဖက်  ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေခံစားကုန် ဈေးနှုန်းများမှာဆန် (အဖြူ)(၁)ကီလို (၆၅.၀၀)တာကာ၊ ကြက်သွန်နီ(၁) ကီလို (၆၉.၀၀)တာကာ၊ အာလူး (၁)ကီလို (၄၄.၀၀)တာကာ၊ ခရမ်းချဉ်သီး (၁) ကီလို (၁၂၀.၀၀)တာကာ၊ ကြက်သား(၁)ကီလို (၃၁၉.၀၀) တာကာ၊ ကြက်ဥ (၁) ဒါဇင် (၁၄၉.၀၀)တာကာ ဈေးရှိကြောင်းသိရှိရပြီး (၃၀-၀၇-၂၀၂၃)ရက်နေ့ (၁၁:၀၀)အချိန် ပြင်ပငွေလဲနှုန်းမှာ (၁)ဒေါ်လာလျှင်(၃၂၀၈)ကျပ်၊ (၁၁၅)တာကာ၊ ၁၀၀ ကျပ်လျှင် (၃.၅၈) တာကာ၊ (၁) တာကာလျှင် (၂၇.၉၀) ကျပ် ဖြစ်ပေါ်လျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News