Local News

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

Last Updated:

     ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်း၊ သီဟိုဠ်စေ့နှင့် ပြောင်းတို့ ဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၆ ရက်နေ့မှ၃၀ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၂၂၆၁)၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၂.၂၈၂)သန်း၊ သွင်းကုန်တန်ချိန်(၂၄၄)၊(-)U၊ (၄၅၀၀) BBL၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၆၃၄)သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၁၆ သန်းဖြစ်သည်။ အများဆုံး တင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်း(၁၀)မျိုးမှာ ဆီအုန်းတန်ချိန် (၂၄၀)၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၂၂၀၀၀.၀၀)၊ (၁)တန်ဈေးနှုန်း (၉၁.၆၆) အမေရိကန်ဒေါ်လာ၊ ပလာတူးခက် (၁၂၄.၄၃)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၀၅၇၆၅.၅၀)၊ (၁)တန်စျေးနှုန်း (၈၅၀)အမေရိကန်ဒေါ်လာ၊ ကဏန်း တန်ချိန် (၁၀.၁၄)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၃၉၄၄၄.၆၀)၊ (၁)တန်စျေးနှုန်း (၃၈၉၀) အမေရိကန် ဒေါ်လာ၊ ရေဘဝဲတန်ချိန် (၈.၀၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၇၉၂၀.၀၀)၊ (၁)တန် စျေးနှုန်း (၂၂၄၀) အမေရိကန်ဒေါ်လာ၊ ငါးလိပ်ကျောက်တန်ချိန်(၃.၉၂)၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၈၁၁၄.၄၀)၊ (၁)တန် စျေးနှုန်း (၂၀၇၀)အမေရိကန်ဒေါ်လာ၊ ခွေးလျှာ တန်ချိန် (၃၁.၃၆)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၃၅၁၂၃.၂၀)၊ (၁)တန်စျေးနှုန်း (၁၁၂၀)အမေရိကန်ဒေါ်လာ၊ သဲတိုးတန်ချိန် (၂.၇၂)၊ တန်ဖိုးအမေရိကန် ဒေါ်လာ (၃၅၆၃.၂၀)၊ (၁)တန်စျေးနှုန်း (၁၃၁၀) အမေရိကန်ဒေါ်လာ၊ငါးချဉ်ပေါင် တန်ချိန် (၁၇.၁၆၈)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၂၁၄၆.၇၂)၊ (၁)တန်စျေးနှုန်း(၁၂၉၀) အမေရိကန်ဒေါ်လာ၊ တာတိုတန်ချိန် (၆၁.၉၆၈)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၇၈၀၇၉.၆၈)၊ (၁)တန်စျေးနှုန်း (၁၂၆၀) အမေရိကန်ဒေါ်လာ၊ ပလာလန်း တန်ချိန် (၃၂.၁၂၂)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၁၇၅၈.၆၀)၊ (၁)တန် ဈေးနှုန်း (၁၃၀၀) အမေရိကန်ဒေါ်လာတို့ဖြစ်သည်။

     အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း(၁၀)မျိုးမှာ ဒီဇယ်ဆီတန်ချိန် (၆၀၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၈၄၀၀၀)၊ (၁) တန်ဈေးနှုန်း (၈၀၆.၆၆) အမေရိကန်ဒေါ်လာ၊ ပီလောပီနံမှုန့် တန်ချိန်(၁၈၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၄၀၀၀)၊ (၁)တန်စျေးနှုန်း (၅၂၂.၂၂)အမေရိကန်ဒေါ်လာ၊ လေပူဖောင်းပါသည့် ပလပ်စတစ် တန်ချိန် (၁)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၀၀၀)၊ (၁)တန် ဈေးနှုန်း (၁၀၀၀)၊ ပလပ်စတစ်ရေခဲပုံးတန်ချိန်(၁၅)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၃၀၀၀၀)၊ (၁)တန် ဈေးနှုန်း (၂၀၀၀)၊ ဆိုးဆေးမှုန့် တန်ချိန် (၃)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၀၀၀)၊ (၁)တန်ဈေးနှုန်း (၃၃၃.၃၃)တို့ဖြစ်ပြီး ငါးသယ်လှေကုန် (၁)တန် ရေယာဉ်ခ (ကုန်ကျစ်) ၂၁၀၀၀ိ/- ကျပ် ရှိကြောင်း သိရှိရသည်။

     ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုကိစ္စရပ်များကို သက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။ (၃၁-၇-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် (၁၀၃၁) ဘတ် ၊ (၁) ဘတ်လျှင် မြန်မာငွေ (၉၇.၀၀) ကျပ်ခန့် (၃၀-၇-၂၀၂၃) နှင့် နှိုင်းယှဉ်လျှင် (၁.၅၀) ကျပ် မြင့်တက် လျက်ရှိသည်။ စက်သုံးဆီဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၃၀၅၀)ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၂၁၅၀) ကျပ်ဖြင့် တည်ငြိမ်လျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News