Local News

လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ

Last Updated:

      လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် (၂၆-၇-၂၀၂၃) မှ (၃၀-၇-၂၀၂၃) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန်(၁၀၀.၀၀)တန်၊ တန်ဖိုး(၀.၀၄၅)ဒေါ်လာသန်း၊ ဆန်ကွဲ (၁၉၄.၅၀)တန်၊ တန်ဖိုး(၀.၀၇၈)ဒေါ်လာသန်း၊ ပြောင်း(၂၈.၂၉၀)တန်၊ တန်ဖိုး (၀.၀၀၉)ဒေါ်လာသန်း၊ ရာဘာ(၅၆.၀၀)တန်၊ တန်ဖိုး (၀.၀၇၀)ဒေါ်လာသန်း၊ Aluminiun Ingot (၃၃.၅၆)တန်၊ တန်ဖိုး(၀.၀၆၀) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့သည်။

     ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန် တစ်တန်လျှင် (၄၆၉) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင် (၄၀၈)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀)ဒေါ်လာနှင့် ကြိမ်တစ်တန်လျှင် (၆၀၀) ဒေါ်လာ၊ ပဲတီစိမ်းတစ်တန်လျှင် (၆၆၀)ဒေါ်လာ၊ မြေထောက်ပဲတစ်တန်လျှင် (၁၄၈၄)ဒေါ်လာ၊ Aluminium Ingot တစ်တန်လျှင် (၁၇၅၂)ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန် တစ်ပိဿာ လျှင် (၇၂)ကျပ်ရှိကြောင်းသိရှိရသည်။

     ယခုအပတ်အတွင်း သွင်းကုန်ပိုင်းအနေဖြင့်ဓါတ်မြေဩဇာ (၃၄၆.၀၀)တန်၊ တန်ဖိုး(၀.၁၁၉) ဒေါ်လာသန်း၊ စက္ကူလိပ်(၁၄.၀၀)တန်၊ တန်ဖိုး (၀.၀၀၅)ဒေါ်လာသန်း၊ ပိတ်လိပ် (၉၆.၅၀) တန်၊ တန်ဖိုး (၀.၀၅၅)ဒေါ်လာသန်း၊ ကော်စေ့(၃၈.၀၀)တန်၊ တန်ဖိုး(၀.၀၄၁) ဒေါ်လာသန်း၊ ပီနံအိတ်(၆၅.၀၀)တန်၊ တန်ဖိုး(၀.၀၅၁)ဒေါ်လာသန်း၊ ချည်(၃၀.၀၀)တန်၊ တန်ဖိုး (၀.၀၂၀) ဒေါ်လာသန်း၊ ပလပ်စတစ်ဖျာ (၄၅.၀၀) တန်၊ တန်ဖိုး (၀.၀၃၁) ဒေါ်လာသန်း၊ ကုန်စုံ (၂၂၃.၉၆) တန်၊ (၅၉၁၂) U ၊ (၁၇၀၀) PR ၊ တန်ဖိုး (၀.၂၃၁) ဒေါ်လာသန်းတို့ အများဆုံးတင်သွင်းနိုင်ခဲ့သည်။

   သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဓါတ်မြေဩဇာ (Organic Fertilizer) တစ်တန်လျှင် (၂၅၀) ဒေါ်လာ၊ ဓါတ်မြေဩဇာ (Compound Fertilizer) တစ်တန်လျှင် (၃၉၈) ဒေါ်လာ၊ စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ချည်တစ်တန်လျှင် (၆၅၀) ဒေါ်လာ၊ ပလပ်စတစ်ဖျာ တစ်တန်လျှင် (၆၉၀) ဒေါ်လာ၊ ပီနံအိတ်တစ်တန်လျှင်(၇၉၇)ဒေါ်လာ၊ ကော်စေ့ တစ်တန်လျှင် (၁၀၀၀)ဒေါ်လာ၊ ပိတ်လိပ် တစ်တန်လျှင် (၅၇၀)ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ် (၁)စီးလျှင် ကုန်ကျစ်(၈၀၀၀၀၀)ကျပ်၊ ကုန်ပွ(၅၀၀၀၀၀)ကျပ်နှင့်ကုန်စုံတစ်စီးလျှင် (၆၅၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။

  ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်းများအား မန္တလေး-လက်ပံလှ-ဗန်းမော်-မိုးမောက်(ကျောက်စခန်း)-စိန်လုံ-လွယ်ဂျယ်လမ်း ကြောင်း၊  ဗန်းမော်ဒေသထွက်  ပို့ကုန်ပစ္စည်းများအားဗန်းမော်  -  မိုးမောက်  (ကျောက်စခန်း)  -  စိန်လုံ  -  လွယ်ဂျယ်  လမ်းကြောင်းအတိုင်း  တင်ပို့လျက်ရှိပြီး  သွင်းကုန်ပစ္စည်းများအား  လွယ်ဂျယ်-စိန်လုံ-မိုးမောက် (ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်း ကုန်သွယ်မှုပြုလုပ်လျက်ရှိသည်။ လွယ်ဂျယ်နယ်စပ်ဒေသငွေကြေးဈေးကွက်အနေဖြင့် ၂၅-၇-၂၀၂၃ ရက်နေ့မှာ (၁)ယွမ်လျှင်(၄၃၂) ကျပ် ဖြစ်ခဲ့ပြီး ၃၀-၇-၂၀၂၃ရက်နေ့မှာတော့ (၁)ယွမ်လျှင် (၄၄၀)ကျပ်ဖြစ်၍ မြန်မာကျပ်ငွေဈေးကျခဲ့ကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News