International News

ဆော်ဒီအာရေဗျက အာရှအတွက် ရေနံစိမ်း ဈေးနှုန်းများ တိုးမြှင့်

Last Updated:

     ဆော်ဒီအာရေဗျက စက်တင်ဘာလတွင် အာရှသို့ သင်္ဘောတင်မည့် ရေနံဈေးနှုန်းများတွင် အများစုကို တိုးမြှင့်လိုက်သည်။ လတစ်လ၏ လဆန်း ၅ ရက်တွင် နောက်လာမည့်လအတွက် တရားဝင် ရောင်းဈေး official selling price (OSP) ရေနံဈေးနှုန်းများကို ထုတ်ပြန်ကြေညာနေကျ ဖြစ်သည့်အလျောက် လာမည့်စက်တင်ဘာလအတွက် အာရှ၊ ဥရောပနှင့် မြောက်အမေရိကတို့အတွက် OSP များကို ကြေညာခဲ့သည်။

    ကမ္ဘာ့ထိပ်တန်း ရေနံဈေးတင်ပို့သည့်နိုင်ငံ ဆော်ဒီအာရေဗျသည် ဇူလိုင်လနှင့် ဩဂုတ်လတို့တွင် ရေနံစိမ်းထုတ်လုပ်မှု တနေ့လျှင် စည်တသန်း လျှော့ထုတ်ပြီး စက်တင်ဘာလတွင်လည်း ဆက်လက်လျှော့ထုတ်မည်ဟု ကြေညာခဲ့သည်။ ထို့ပြင် နောက်ထပ် သက်တမ်းတိုးဖွယ်ရှိကြောင်းလည်း ပြောကြားသည်။ ယခင်က တနေ့လျှင် စည်သန်း ၁၀ ထုတ်လုပ်ခဲ့ရာမှ ယခုအခါ တရက်လျှင် စည် ၉ သန်း ထုတ်လုပ်လျက်ရှိသည်။

     အာရှသို့ ရောင်းချသည့် Arab light ရေနံစိမ်းအကြဲကို တစ်စည်လျှင် ကန်ဒေါ်လာ ၃၀ ဆင့် ဈေးတက်သည်။ အိုမန်/ဒူဘိုင်း ပျမ်းမျှဈေးအထက် $3.50 ဟု စက်တင်ဘာလအတွက် သတ်မှတ်သည်ဟု နိုင်ငံပိုင် ရေနံလုပ်ငန်းကြီး Aramco က စနေနေ့(ဩဂုတ် ၅) တွင် ကြေညာသည်။ ဥရောပအတွက် OSP ကို $2 တိုးမြှင့်သည်။ အိုမန်/ဒူဘိုင်း ပျမ်းမျှဈေးအထက် $5.80 ဟု သတ်မှတ်သည်။ မြောက်အမေရိကအတွက် OSP ကို ဩဂုတ်လဈေးနှုန်းအတိုင်း ဆက်လက်သတ်မှတ်သည်။ အိုမန်/ဒူဘိုင်း ပျမ်းမျှဈေးအထက် $7.25 ဟု သတ်မှတ်ထားသည်။ Aramco သည် အာရှသို့ ၎င်း၏ ရေနံစိမ်းတင်ပို့မှု၏ ၆၀% ခန့်ကို ရောင်းချနေပြီး အများစုမှာ ကာလရှည်စာချုပ်များဖြင့် ချုပ်ဆိုထားသည်။ ဈေးနှုန်းကို လစဉ်သုံးသပ်ပြီး သတ်မှတ်ပေးသည်။ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့က အများဆုံးဝယ်ယူကြပါသည်။

Source Reuters 

https://www.industrialdirectory.com.mm

Category: International News