Local News

ပေါင်မြို့နယ်၌ တစ်နိုင်တစ်ပိုင် နဂါးမောက်ပင် စိုက်ပျိုးသူများ မိသားစုအပိုဝင်ငွေရရှိ

Last Updated:

     မွန်ပြည်နယ် ပေါင်မြို့နယ်၌ ဥယျာဉ်ခြံမြေများနှင့် နေအိမ်မြေကွက်လပ်များတွင် တစ်နိုင်တစ်ပိုင် နဂါးမောက်ပင်စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်ကြရာ နဂါးမောက်ပင်များ အောင်မြင်ဖြစ်ထွန်းပြီး  မိသားစုအပို ဝင်ငွေရရှိနေကြောင်း ပေါင်မြို့နယ်အတွင်းရှိ  နဂါးမောက်ပင်စိုက်ပျိုးသည့် ဒေသခံတောင်သူများ၏ ပြောပြချက်အရ သိရသည်။

     နဂါးမောက်ပင်စိုက်ပျိုးရေး လုပ်ငန်းသည် ရာသီဥတုစိုစွတ်အေးမြသော နေရာတွင်သာ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုရှိကြောင်း၊ စိုက်ပျိုးပြီး တစ်နှစ်အကြာတွင် စတင်ဆွတ်ခူးရောင်းချရကြောင်း၊ တစ်နှစ်လျှင် ငါးကြိမ်ခန့်အသီးသီးပြီး ရောင်းတမ်းဝင် နဂါးမောက်သီးတစ်လုံးလျှင် အလုံးအကြီး၊  အသေးပေါ်မူတည်၍ ငွေကျပ် ၁၀၀၀၊ ၁၅၀၀ ခန့်ရရှိကြောင်း သိရသည်။နဂါးမောက်ပင် စိုက်ပျိုးရာတွင် အတန်းလိုက်စိုက်ပျိုးရပြီး တစ်ပင်နှင့်တစ်ပင် အနည်းဆုံး ၆  ပေကွာ စိုက်ပျိုးရသည်။ အသီးအပွင့်များ  စတင်ထွက်ရှိလာပါက စင်များပြုလုပ်ပေးရကြောင်း၊ နဂါးမောက်သီးတွင် အဖြူသီးနှင့် အနီသီးဟူ၍ နှစ်မျိုးရှိပြီး အဖြူသီးသည် ချိုပြီးအရသာရှိကာ အနီသီးသည် ကျန်းမာရေးအတွက် ဆေးဖက်ဝင်ကြောင်း သိရသည်။

Source: https://www.myawady.net.mm

Category: Local News