Local News

ဘုရင့်နောင်ကုန်စည်ဒိုင်၏ (၂၄-၇-၂၀၂၃ မှ ၂၈-၇-၂၀၂၃) အတွင်း ကုန်စည်ဈေးနှုန်းများ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲများ၏ (တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC  (2023 Crop) ကျပ် ၂၂၄၆၀၀၀ မတ်ပဲ SQ/RC  (2023 Crop) ကျပ် ၂၄၆၁၀၀၀ နှင့် ပဲစင်းငုံ Red/RC (2023 Crop) ကျပ် ၂၉၇၅၀၀၀ ဈေးဖြစ်ခဲ့ သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/ RC(2023 Crop) ကျပ် ၅၀၀၀၀ နှင့် မတ်ပဲ SQ/RC  (2023 Crop) ကျပ် ၄၄၀၀၀ နှင့် ပဲစင်းငုံ Red/RC (2023 Crop) ကျပ် ၂၅၀၀၀ ဈေးမြင့်တက်ခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ မတ်ပဲFAQ/RC (2023 Crop) ကွန်တိန်နာ ၄၅ လုံး ( တန်ချိန် ၁၀၈၀) နှင့် မတ်ပဲ SQ/RC( 2023 Crop) ကွန်တိန်နာ ၅လုံး (တန်ချိန် ၁၂၀) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲ FAQ/RC (2023 Crop) ကွန်တိန်နာ ၆၀လုံး ( တန်ချိန် ၁၄၄၀) နှင့် မတ်ပဲ SQ/RC( 2023 Crop) ကွန်တိန်နာ ၅လုံး (တန်ချိန် ၁၂၀) ဝင်ရောက်ခဲ့သောကြောင့် ယခင် အပတ်ထက် မတ်ပဲ FAQ/RC (2023 Crop) ကွန်တိန်နာ ၁၅ လုံး (တန်ချိန် ၃၆၀) ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရ သည်။

ငရုတ်

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး ( တစ်ပိဿာ ) ဈေးနှုန်းများမှာ ပန်းရဲငရုတ်(သစ်) AC ကျပ် ၁၂၀၀၀၊ မြှားနီ ကျပ် ၁၂၀၀၀၊ အိမ်မဲ ကျပ် ၁၁၀၀၀၊ ဆင်ဖြူကျွန်း (ပု) ကျပ် ၁၆၀၀၀ နှင့် မြစ်ဝ(ပု)သစ် ကျပ် ၁၆၀၀၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ငရုတ်သီး ဈေးများငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ငရုတ် ရှည်အိတ်ပေါင်း ၂၂၀၀ (၄၄၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၃၅၀ (၅၂၅၀ ပိဿာ) ဝင်‌ရောက်ခဲ့ပြီး ယခု အပတ်တွင် ငရုတ်ရှည်အိတ်ပေါင်း ၁၇၀၀ (၃၄၀၀၀ ပိဿာ)  နှင့် ငရုတ်ပုအိတ်ပေါင်း ၁၀၀ (၁၅၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ငရုတ်ရှည် အိတ်ပေါင်း ၅၀၀ (၁၀၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ် ပေါင်း ၂၅၀( ၃၇၅၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။  

မန်ကျည်း

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့်ကပ် (သစ်) ကျပ် ၁၃၀၀၊ မန်ကျည်းအသား (သစ်) ကျပ် ၂၃၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မန်ကျည်းသီး အသား (သစ်) ကျပ် ၃၀၀  ဈေးကျဆင်းခဲ့ကြောင်း သိရသည်။

ထန်းလျက်၊ ကြံသကာ နှင့် သကြား

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့်သကြား (တစ်ပိဿာ) ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး) ကျပ် ၃၄၀၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၃၅၀၀၊ ပခုက္ကူကြမ်း ကျပ် ၃၃၅၀၊ ရေစကြို ထန်းလျက်(ချော)ကျပ် ၃၆၀၀၊ ကြံသကာ(စစ်)ကျပ် ၂၅၀၀ နှင့် သကြား(ပြည်တွင်း) ကျပ် ၃၃၅၀ ဈေးအသီးသီး ဖြစ်ခဲ့သည်။တစ်ပတ်အတွင်း တောင်သာမလိုင်(ဒုံး) ကျပ် ၅၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၁၅၀ နှင့် ရေစကြို ထန်းလျက်(ချော)ကျပ် ၁၀၀ ဈေးမြင့် တက်ခဲ့သည်။ ကျန်အမျိုးအစားများ ဈေးငြိမ်လျက်ရှိကြောင်း သိရသည်။

(Domestic (Ygn) MITC)

Category: Local News