Local News

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်တွင်(၂၄-၇-၂၀၂၃ မှ ၂၈-၇-၂၀၂၃ ) အတွင်းဖြစ်ပေါ်ခဲ့သော ကုန်စည်ဈေးနှုန်းများ

Last Updated:

ကြက်သွန်နီ

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့် မုံရွာမြိုတို့မှ ကြက်သွန်နီများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်နီ (တစ်ပိဿာ) ဈေးနှုန်းများမှာ၊ ဆိပ်ဖြူရှယ် ကျပ် ၂၂၀၀၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၂၁၅၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၂၁၀၀ ၊ ဆိပ်ဖြူလတ်ချော ကျပ် ၁၈၀၀ ၊ မုံရွာရှယ် ကျပ် ၂၂၀၀ ၊ မုံရွာလတ်ကြီး ကျပ်  ၂၁၅၀ ၊ မုံရွာလတ်သန့်  ကျပ် ၂၁၀၀ နှင့်  မုံရွာလတ်ချောကျပ် ၁၈၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ဆိပ်ဖြူရှယ် ကျပ် ၅၀ ၊ ဆိပ်ဖြူ လတ်ကြီး ကျပ် ၅၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၅၀ ၊ မုံရွာရှယ် ကျပ် ၅၀  ၊ မုံရွာလတ်ကြီး ကျပ်  ၅၀  နှင့် မုံရွာ လတ်သန့်  ကျပ် ၅၀ အသီးသီး ဈေးမြင့်တက်ခဲ့သည်။ ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်မှုမှာ ယခင်အပတ်က ကားစီးရေ ၉၂စီး (၅၅၂၀၀၀ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ ၁၂၅ စီး (၇၅၀၀၀၀ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကြက်သွန်နီ ကားစီးရေ ၃၃ စီး (၁၉၈၀၀၀ပိဿာ) ပိုမိုဝင်ရောက်ခဲ့ ကြောင်း သိရသည်။

ကြက်သွန်ဖြူ

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ်နှင့် အောင်ပန်းမြို့တို့မှ ကြက်သွန်ဖြူများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်ဖြူ(တစ်ပိဿာ) ဈေးနှုန်းများမှာ ကြူကုတ်ရှယ်  ကျပ် ၇၄၀၀၊ အောင်ပန်းထူး-၂  ကျပ် ၇၂၀၀၊ အောင်ပန်း ထူး-၃ ကျပ် ၇၇၀၀၊ အောင်ပန်းထူး-၄ ကျပ် ၈၂၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၈၇၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ကြူကုတ်ရှယ် ကျပ်၂၀၀ ဈေးမြင့်တက်ခဲ့ပြီး ကျန်ကြက်သွန်ဖြူဈေးများ ငြိမ်လျက်ရှိပါသည်။ယခင်အပတ်က ကုန်စည်ဒိုင်သို့ ကြက်သွန်ဖြူအိတ် ၁၇၀၀ (၅၁၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကြက်သွန်ဖြူ အိတ် ၂၈၀၀ ( ၈၄၀၀၀ ပိဿာ ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကြက်သွန်ဖြူအိတ်ရေ ၁၁၀၀  (၃၃၀၀၀ ပိဿာ )ပိုမိုဝင်ရောက်ခဲ့ကြောင်းသိရသည်။

(Domestic(Ygn) MITC)

Category: Local News