Local News

ထိုင်းနိုင်ငံမှ စားသောက်ကုန်ပစ္စည်း ကုန်ကြမ်းဝယ်လိုအားမြင့်တက်၍ ပိုမိုတင်ပို့နိုင်

Last Updated:

မြဝတီကုန်သွယ်ရေးဇုန်မှ ထိုင်းနိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ် စက်တင်ဘာလ  ၂ ရက်မှ စတင်ဘာလ  ၄  ရက်အထိ  အမှန်ဆောင်ရွက်နိုင်မှုမှာ  ပို့ကုန်အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၄၂ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၃၇၁ သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၅၁၃ သန်း ဆောင်ရွက်နိုင်ခဲ့သည်။

ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ပြောင်း၊ ငရုတ်၊ ဂေါ်ဖီ၊ နှမ်း၊ ကြက်သွန်နီ၊ ကွမ်းရွက်၊ ကွမ်းသီးခြောက်နှင့် ရေထွက်ပစ္စည်းများဖြစ်သည့် ခုံး၊ ကဏန်း၊ ငါးမြွေထိုး၊ ငါးခွေလျှာ၊ ငါးပါးလျှပ်နှင့် ငါးကြင်းဆီဖောင်းတို့ကို တင်ပို့နိုင်ခဲ့သည်။

သွင်းကုန်ပစ္စည်းတင်သွင်းမှုအနေဖြင့် တိရစ္ဆာန်အစာ၊ စက်ဘီး၊ စက်ဘီးအပိုပစ္စည်း၊ အဝတ်အထည်၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ စက်ဆီ/ချောဆီ၊ အိမ်သုတ်ဆေး၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ အလှကုန်ပစ္စည်း၊ အထည်ချုပ်လုပ်ငန်း၊ ဆေးဝါးများ၊ ဖိနပ်၊ သစ်သီးမျိုးစုံ၊ အိမ်သုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်နှင့် စက်ပစ္စည်းကိရိယာများ၊ ဓာတ်မြေဩဇာနှင့် ငါးဖမ်းပစ္စည်းတို့ကို တင်သွင်းနိုင်ခဲ့သည်။

ယခုအခါ ထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာဆောင်ရွက်လာမှုနှင့်အတူ အသုံးပြုရန် လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်း ကုန်ကြမ်းဝယ်လိုအားမြင့်တက်နေ၍ လတ်တလောကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့သည်။ ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများနှင့် ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် လိုင်စင်ထုတ်ပေးခြင်း၊ ကုန်ပစ္စည်း စစ်ဆေးမှုများတွင်ဦးစားပေး ဆောင်ရွက်လျက်ရှိသည်။

ငွေဈေးနှုန်းအနေဖြင့် ယခုအပတ်တွင် တစ်ဘတ်လျှင် ၁၀၃ ဒသမ ၀၉ ကျပ် ဖြစ်သဖြင့် အနည်းငယ်ကျဆင်ခဲ့ကြောင်း သိရသည်။

Source: မြန်မာ့အလင်းသတင်းစာ

Category: Local News