Local News

မကွေးကုန်စည်ဒိုင်၌ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့သော နှမ်းနှင့် ပဲမျိုးစုံဈေးနှုန်းဈေးကွက်

Last Updated:

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးကုန်စည်ဒိုင်သို့ မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ရေနံချောင်း၊ နတ်မောက်၊ မင်းဘူးမြို့နယ်များအတွင်းရှိ ကျေးရွာများမှနှမ်းနှင့် ပဲမျိုးစုံသီးနှံများကို လာရောက်ရောင်းချကြကြောင်း သိရသည်။ မကွေးကုန်စည်ဒိုင်၌ အောက်တိုဘာလ (နောက်ဆုံးပတ်)တွင် ဖြစ်ပေါ်နေသော နှမ်းဈေးနှုန်းများအနေဖြင့် နှမ်းဖြူတစ်တင်းလျှင် ၁၃၀,၀၅၀ ကျပ်နှုန်းဖြင့် (၁) ရက်လျှင် အိတ်ရေ (၄၀၀)ခန့်၊ နှမ်းနီတစ်တင်းလျှင် (၁၀၈,၀၀၀) ကျပ်နှုန်းဖြင့် (၁)ရက်လျှင် အိတ်ရေ (၂၄၀)ခန့်၊ နှမ်းနက်(စမုံ) တစ်တင်းလျှင် (၁၁၈,၀၅၀)ကျပ်နှုန်းဖြင့် (၁)ရက်လျှင် အိတ်ရေ (၄၀၀)ခန့်၊ နှမ်းညိုကြား တစ်တင်းလျှင် (၁၀၂,၀၀၀) ကျပ်နှုန်းဖြင့် (၁) ရက်လျှင် အိတ်ရေ (၁၀၀)ခန့်၊ နှမ်းနက်(ရိုးရိုး) တစ်တင်းလျှင် (၁၀၆,၉၅၀) ကျပ်နှုန်းဖြင့် (၁)ရက်လျှင် အိတ်ရေ(၁၂၀)ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အောက်တိုဘာလ (တတိယပတ်)နှင့် နှိုင်းယှဉ်ပါက အောက်တိုဘာလ(နောက်ဆုံးပတ်)တွင် နှမ်းဖြူတစ်တင်းလျှင် ကျပ် (၃,၁၅၀) နှင့် နှမ်းနက်(စမုံ)တစ်တင်းလျှင် ကျပ်(၁၀၅၀)ဖြင့် အသီးသီးဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ နှမ်းနီမှာ ကျပ်(၁,၉၅၀) ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ပြီး နှမ်းညိုကြားနှင့် နှမ်းနက်(ရိုးရိုး)မှာ ဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း၊ ပဲဈေးနှုန်းများအနေဖြင့် ပဲတီစီမ်းတစ်တင်းလျှင် (၅၉,၀၀၀) ကျပ်နှုန်းဖြင့် (၁)ရက်လျှင် အိတ်ရေ (၄၀၀) အိတ်ခန့်၊ ကုလားပဲ(HL) တစ်တင်းလျှင် (၈၇,၉၇၀) ကျပ်နှုန်းဖြင့် (၁)ရက်လျှင် အိတ်ရေ (၁၄၀)အိတ်ခန့်၊ ကုလားပဲ(929) တစ်တင်းလျှင် (၈၈,၇၃၀) ကျပ်နှုန်းဖြင့် (၁)ရက်လျှင် အိတ်ရေ (၆၀)အိတ်ခန့်၊ ပဲကြီးဖြူတစ်တင်းလျှင် (၁၀၆,၉၇၀) ကျပ်နှုန်းဖြင့် (၁)ရက်လျှင် အိတ်ရေ (၁၀၀) အိတ်ခန့်၊ ပဲကြီးမဲတစ်တင်းလျှင် (၈၅,၀၂၅)ကျပ်နှုန်းဖြင့် (၁) ရက်လျှင် အိတ်ရေ (၄၀)အိတ် ခန့်၊ မတ်ပဲတစ်တင်းလျှင် (၉၁,၀၀၀)ကျပ် နှုန်းဖြင့် (၁)ရက်လျှင် အိတ်ရေ (၄၀)အိတ်ခန့်၊ မြေပဲဆန် (အနိမ့်စ) တစ်တင်းလျှင် (၅၈၅၀၀)ကျပ်နှုန်းဖြင့် (၁)ရက်လျှင် အိတ်ရေ (၄၀၀)အိတ်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

အောက်တိုဘာလ(တတိယပတ်)နှင့် နှိုင်းယှဉ်ပါက အောက်တိုဘာလ(စတုတ္ထပတ်)တွင် ပဲတီစိမ်း၊ ကုလားပဲ(HL)၊ ကုလားပဲ(929)၊ ပဲကြီးဖြူ၊ ပဲကြီးမဲတို့မှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး မတ်ပဲမှာကျပ် (၃,၀၀၀) ဈေးနှုန်းမြင့်တက်ခဲ့၍ မြေပဲဆန်(အနိမ့်စ)မှာ ကျပ်(၆၀၀၀)ဈေးနှုန်းအနည်းငယ် ကျဆင်းခဲ့ကြောင်း၊ နှမ်းတင်ပို့မှုအနေဖြင့် မကွေးမှ မန္တလေးသို့ နှမ်း (၅,၀၀၀)အိတ်နှင့် ရန်ကုန်သို့ နှမ်း (၁,၃၀၀) အိတ်၊ စုစုပေါ င်းနှမ်း (၆,၃၀၀) အိတ်၊ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် မန္တလေးသို့ မြေပဲ (၁၀၀၀)အိတ်၊ ကုလားပဲ(၁,၅၀၀)အိတ်၊ ပဲတီစိမ်း(၁,၀၀၀)အိတ်နှင့် ရန်ကုန်သို့ မြေပဲ(၁,၀၀၀)အိတ်၊ ကုလားပဲ (၅၀၀)အိတ်၊ ပဲတီစိမ်း(၁၀၀၀)အိတ်၊ စုစုပေါင်း(၆၀၀၀)အိတ်တင်ပို့ခဲ့ကြောင်း မကွေးကုန်စည်ဒိုင်မှ သိရသည်။

DOCA (မကွေး)

Source: https://commerce.gov.mm

Category: Local News