Local News

မင်းကွတ်သီးများ ခူးယူရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိ

Last Updated:

     ကရင်ပြည်နယ် သံတောင်ကြီးမြို့၌ ဒေသခံပြည်သူများသည် ဥယျာဉ်ခြံလုပ်ငန်းများဖြစ်သော နှစ်ရှည်ပင်များကို အဓိကစိုက်ပျိုး လုပ်ကိုင်လျက်ရှိရာ မင်းကွတ်သီးပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ မင်းကွတ်ပင်များသည် စိုက်ပျိုးပြီး ၁၅ နှစ်ခန့်တွင် အသီးများစတင်သီးပြီး မေလမှ သြဂုတ်လအထိ အသီးသီးကာ အပင်ငယ်တစ်ပင်လျှင် အသီးအလုံးရေ ၁၀၀ မှ ၃၀၀ အထိနှင့် အပင်ကြီးတစ်ပင်လျှင် အသီးအလုံးရေ ၄၀၀ မှ ၈၀၀ အထိ  အသီးထွက်ရှိကြောင်း သိရသည်။

     အဆိုပါမင်းကွတ်သီးစိုက် တောင်သူများသည်  မင်းကွတ်သီးများကို   မြို့ပေါ်သာမက တောင်ငူမြို့ရှိ သီးနှံအဝယ်ဒိုင်များထံရောင်းချလျက်ရှိပြီး အရွယ်အစားပေါ်မူတည်၍ မင်းကွတ်သီးတစ်လုံးလျှင် ငွေကျပ်  ၂၀၀  မှ ၃၀၀  အထိရရှိကာ မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

Source: https://www.myawady.net.mm

Category: Local News