International News

ထိုင်းနိုင်ငံသကြား အထွက်နည်းမည်

Last Updated:

ပြင်းထန်သောမိုးခေါင်မှုကြောင့် ထိုင်းနိုင်ငံသကြားအထွက်နှုန်းသည် လာမည့်ရိတ်သိမ်းချိန်တွင် ငါးပုံတစ်ပုံနီးပါး ကျဆင်းသွားမည်ဖြစ်ကြောင်း Thai Sugar Millers Corp မှ ပြောကြား သည်။ ထုတ်လုပ်မှုသည် ၂၀၂၃-၂၀၂၄ ခုနှစ် ရာသီတွင် တန်ချိန် ၉ သန်းဝန်းကျင် ရရှိမည်ဖြစ်သည်ဟု Thai Sugar Millers Corp မှ  ဒါရိုက်တာ Rangsit Hiangrat က ပြောကြားသည်။ ယခင်နှစ်ထက် ၁၈% လျော့နည်းမည်ဖြစ်သည်။

“အချို့လယ်သမားတွေက အပူဒဏ်ကို ပိုခံနိုင်တဲ့  ပီလောပီနံကို ပြောင်းစိုက်ကြလိမ့်မယ်" ဟု Mr Rangsit က ပြောသည်။ “ဒီလိုမျိုး မိုးခေါင်တာမျိုးကို ဘယ်သီးနှံမှ ကောင်းကောင်းကြီး ဖြစ်ထွန်းမှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ကြံ၊ ပလောပီနံ၊ ဆန် အားလုံး ထိခိုက်မှာပဲ" ဟု Mr Rangsit က ပြောကြားသည်။ ထိုင်းနိုင်ငံသည် ကမ္ဘာ့ဒုတိယအများဆုံး သကြားတင်ပို့သည့်နိုင်ငံ ဖြစ်သည်။

ထိုင်းနိုင်ငံသကြား တင်ပို့မှုလျော့ကျလျှင် ကမ္ဘာ့သကြားဈေးကွက်တွင် သကြားဈေးမြင့်တက်ဖွယ်ရှိသည်။ ကမ္ဘာ့အကြီးဆုံး ကုန်စည်ရောင်းဝယ်သူ Alvean က နောက်ထပ်တစ်နှစ် သကြားပြတ်လပ်ဦးမည်ဟု ခန့်မှန်းပြီးနောက် ယခုသီတင်းပတ်တွင် သကြားစျေးနှုန်းများ မြင့်တက်လာခဲ့သည်။ ထိုင်းနိုင်ငံသည် ယခုနှစ်တွင် သကြားတန် ၈ သန်း တင်ပို့မည်ဖြစ်ပြီး နောက်နှစ်တွင် တန် ၆ သန်း တင်ပို့မည်ဟု ခန့်မှန်းထားသည်။ ယခုကြံရာသီတွင် ကြံတန် ၉၃.၉ သန်း ရရှိပြီး ၂၀၂၃-၂၄ တွင် တန် ၈၂ သန်း ရရှိမည်ဟု ခန့်မှန်းထားသည်။ 

Source: bangkokpost 

https://www.foodindustrydirectory.com.mm

Category: International News