Local News

ကချင်ပြည်နယ်၏ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုတစ်ပတ်အတွင်းနှိုင်းယှဉ်မှု

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့်ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်မှု များရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်မှ  နိုဝင်ဘာလ ၃ ရက်နေ့အတွင်း ကံပိုင်တည်နယ်စပ် ကုန်သွယ်‌ရေးစခန်းနှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်ပို့ခဲ့ သည့် ကုန်ပစ္စည်းများအနေဖြင့် တစ်သျှူးငှက်ပျော၊ ရော်ဘာ၊ ဆန်ကွဲ၊ ပြောင်းနှင့် ဆန်များ တင်ပို့ခဲ့ ပြီး ပို့ကုန်၏ စုစုပေါင်းငွေပမာဏမှာ ၉၇၄၄၂၀.၆၁၀ ကန်ဒေါ်လာ တင်ပို့ခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၄  ရက်မှ  ၂၀ ရက်နေ့ထိ တင်ပို့ကုန်၏ငွေပမာဏ ၅၆၇၈၅၀.၃၃၀ ကန်ဒေါ်လာနှင့် ကာလတူ တင်ပို့ကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၄၀၆၅၇၀.၂၈၀ ကန်ဒေါ်လာ တန်ဖိုးပိုမို၍ တင်ပို့မှုရှိခဲ့သည်ကို တွေ့ရပါသည်။

သွင်းကုန်ပစ္စည်းများအနေဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၈  ရက်မှ  နိုဝင်ဘာလ ၃ ရက်နေ့အတွင်း လယ်ထွန်စက်များ၊ စက်နှင့်စက်ပစ္စည်းများ၊ ချည်ထည်များ၊ လုပ်ငန်းသုံးအခြားပစ္စည်းများ၊ ဘတ္တရီအခြောက် များ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ လူသုံးအခြားပစ္စည်းများ၊ သံနှင့်သံမဏိ ဆောက်လုပ်ရေးပစ္စည်းများ၊ ပလပ်စတစ် ကုန်ကြမ်းပစ္စည်းများ၊ ဓါတုဗေဒချည်ခင်များ၊ သံပိုက်၊  ပလပ်စတစ်ပိုက်၊ စက်ဘီး၊ ကုန်ထုတ်စက္ကူများ၊ ကုန်ထုတ် စက္ကူနှင့် ပန်းသီးများ တင်သွင်းခဲ့ပြီး သွင်းကုန်၏ ငွေပမာဏတန်ဖိုးမှာ ၁၂၀၁၂၂၇.၇၃၀ ကန်ဒေါ်လာ တင်သွင်းခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၄  ရက်မှ  ၂၀ ရက်နေ့ထိ တင်သွင်းကုန်၏ ငွေပမာဏတန်ဖိုး ၈၁၆၃၁၂.၉၄၀ ကန်ဒေါ်လာနှင့် ကာလတူ တင်သွင်းကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၃၈၄၉၁၄.၇၉၀ ကန်ဒေါ်လာ တန်ဖိုး ပိုမို၍ တင်သွင်းခဲ့သည်ကို တွေ့ရပါသည်။

တင်ပို့ကုန်နှင့် တင်သွင်းကုန်တို့၏ ငွေပမာဏများအားနှိုင်းယှဉ်ကြည့်ရာ တင်ပို့ကုန်၏ ငွေပမာဏမှာ ၂၂၆၈၀၇.၁၂၀ ကန်ဒေါ်လာတန်ဖိုး လျော့နည်း၍ ကုန်သွယ်မှုပြုခဲ့ကြောင်း ကုန်သွယ်မှုစာရင်းများအရ တွေ့ရပါသည်။ ငွေလဲနှုန်း များမှာ တရုတ်ငွေ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၂၈၆.၅၃  ကျပ် ရှိကြောင်းသိရှိရပါသည်။

ကချင်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News