Local News

မုံရွာမြို့ရှိ ငရုတ်သီးဈေးကွက်

Last Updated:

မုံရွာမြို့တွင် စားဖိုဆောင်သီးနှံဖြစ်သော ငရုတ်သီးကို ဒေသတွင်း လက်လီ/လက်ကားသမား များဖြင့်သာ အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိသည်။ ငရုတ်သီးစိမ်းကို မုံရွာမြို့ရှိ ပွဲရုံများမှတစ်ဆင့်ဈေးများ၊ ကုန်စုံဆိုင်များ၊ ကျေးရွာများသို့ လက်လီ/လက်ကားရောင်းချကြောင်း သိရှိရသည်။ မုံရွာမြို့တွင်စိုက်ပျိုးသော ကျောက်စိမ်းငရုတ်သီးဈေးမှာ ယခုလက်ရှိအချိန်တွင် ပွဲရုံလက်ကားဈေး တစ်ပိဿာလျှင် (၂၅၀၀-၂၈၀၀)ကျပ်နှုန်း၊ လက်လီဈေးမှာ တစ်ပိဿာလျှင် (၂၈၀၀-၃၀၀၀)ကျပ်နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ငရုတ်သီးစိမ်းကို မုံရွာမြို့နယ်အတွင်းရှိ ညောင်ပင်တဲ၊ ကျောက်ခွက်၊ ဘုမ္မနိုး၊ ထနောင်းတော၊ မြေနဲ၊ ဆည်ကြီးတော၊ သစ်ညိုပင်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးပြီး ငရုတ်သီးစိမ်း ဈေးကောင်းရရှိနေခြင်းကြောင့် စိုက်ပျိုးတောင်သူများလည်း အကျိုးအမြတ် ဖြစ်ထွန်းကာ အဆင်ပြေနေကြောင်း သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News