International News

ဆန်တန်ချိန် ၁ သန်း အင်ဒိုနီးရှား ဝယ်ယူရန် မြန်မာအပါအဝင် ၄ နိုင်ငံနှင့် စာချုပ်ချုပ်ဆိုထား

Last Updated:

အင်ဒိုနီးရှားအစိုးရက ယခုနှစ်တွင် ဆန်တန်ချိန် ၁ ဒသမ ၅ သန်း ထပ်မံတင်သွင်းရန် စားသောက်ကုန်ဖြန့်ဖြူးရေးနှင့် ဈေးနှုန်းထိန်းချုပ်ရေး အဖွဲ့အစည်း Bulog ကို ထပ်မံတာဝန်ပေးအပ်ခဲ့သည်။ လက်ရှိတွင် Bulog သည် နိုင်ငံလေးနိုင်ငံနှင့် ဆန်တန်ချိန် ၁ သန်းအတွက် တင်သွင်းခွင့်စာချုပ်များ ချုပ်ဆိုထားသည်။ Bulog ၏ Supply Chain and Public Services ၏ ဒါရိုက်တာ Mokhamad Suyamto က ၎င်းလေးနိုင်ငံမှာ ထိုင်း၊ ဗီယက်နမ်၊ မြန်မာနှင့် ပါကစ္စတန်နိုင်ငံတို့ဖြစ်ကြောင်း ရှင်းပြခဲ့သည်။

"လက်ရှိတွင် ထုတ်လုပ်မှု များပြားနေဆဲ နိုင်ငံများဖြစ်သည့် ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်၊ မြန်မာနိုင်ငံတို့နှင့် စာချုပ်များ ချုပ်ဆိုထားပါသည်။  အိန္ဒိယ၊ ကမ္ဘောဒီးယားနှင့် ဖြစ်နိုင်ချေရှိသော အခြားနိုင်ငံများကိုလည်း လေ့လာစုံစမ်းပါမည်" ဟု သောကြာနေ့(နိုဝင်ဘာ ၃) တွင် ထုတ်ပြန်သည့် ကြေညာချက်မှာ ဖော်ပြထားသည်။ စုစုပေါင်း တန်ချိန် ၁ သန်းခွဲ တင်သွင်းမည် ဖြစ်သဖြင့် တန်ချိန် ၅ သိန်း လိုအပ်နေဆဲ ဖြစ်သော်လည်း ပြည်တွင်းလိုအပ်ချက်များအရ ချိန်ညှိပေးသွားမည်ဖြစ်သဖြင့် တကယ်လိုအပ်မှသာ ကျန်သည့် တန်ချိန် ၅ သိန်းကို တင်သွင်းမည် ဖြစ်သည်ဟု Suyamto က ပြောကြားသည်။

လက်ရှိတွင် Bulog က ထိန်းချုပ်ထားသည့် ဆန်တန်ချိန် ၁ ဒသမ ၄၅ သန်း ရှိသည်။ Bulog သည် လက်ရှိဆန်ဈေးနှုန်းနှင့် ပတ်သက်၍ အထူးကြပ်မတ် စောင့်ကြည့်ဆောင်ရွက်လျက်ရှိသည်။ Suyamto ၏ အဆိုအရ ဆန်ဈေးနှုန်းများ မြင့်တက်လာရခြင်းမှာ အယ်နီညို ဘေးအန္တရာယ်နှင့် စိုက်ပျိုးရာသီသို့ စတင်ဝင်ရောက်သည့် ပြည်တွင်းအခြေအနေတို့ ကဲ့သို့သော ပြင်ပနှင့် ပြည်တွင်းအခြေအနေများကြောင့် ဖြစ်သည်ဟု ဆိုသည်။

Source: idntimes

Source: https://www.foodindustrydirectory.com.mm

Category: International News