Local News

စစ်တွေကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့ အကောက်ခွန်ဦးစီးဌာန၏ အမှန်တင်ပို့ / တင်သွင်းစာရင်းများအရ ပို့ကုန်အမေရိကန်ဒေါ်လာ ( ၀.၀၁၅၉ ) သန်းနှင့် သွင်းကုန်တင်သွင်းမှုမရှိကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ ရေလမ်း၊ ကုန်းလမ်းများသွားလာခွင့်ပိတ်ထားပြီး၊ တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအနေဖြင့်စစ်တွေမြို့သို့ ရောက်ရှိနေသောHla Nyi Htun Trading Co.,Ltd မှ မန်ကျည်းစေ့(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၀၀) နှုန်းဖြင့် (၆၅)တန်၊ တန်ဖိုး (၀.၀၀၆၅)ဒေါ်လာသန်း၊ ဆီးဖတ်(၁)တန်လျှင်အမေရိကန်ဒေါ်လာ (၁၁၅) နှုန်းဖြင့် (၁၉)တန်၊ တန်ဖိုး (၀.၀၀၂၂) ဒေါ်လာသန်းနှင့်ဆီးယိုထုပ် (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၂၅၀)နှုန်းဖြင့် (၂၉)တန်၊ တန်ဖိုး (၀.၀၀၇၂) ဒေါ်လာသန်းတို့တင်ပို့နိုင်ခဲ့ပြီး သွင်းကုန်တင်သွင်းနိုင်မှုမရှိပါ။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဓါတ်မြေဩဇာပေါက်စျေးမှာ (၁)တန် လျှင် (၉၁၂၄၀.၈၈)တာကာ၊ ဘိလပ်မြေ(၁)တန်လျှင် (၁၀၉၄၈.၉၁)တာကာ၊ ဓာတ်ဆီ-၉၅ (၁)ဂါလံလျှင် (၄၄၃.၉၈) တာကာ၊ ဓာတ်ဆီ-၉၂ (၁)ဂါလံလျှင် (၄၁၄.၇၈)တာကာ၊ ဒီဇယ် (ရိုးရိုး) (၁)ဂါလံလျှင် (၄၃၁.၃၉)တာကာ၊ ဒီဇယ်(ပရီမီယမ်) (၁)ဂါလံလျှင် (၄၃၇.၉၆) တာကာနှင့် သံချောင်း (၁)တန်လျှင် (၆၃၈၆၈.၆၁)တာကာစျေးရှိကြောင်းသိရှိရပါသည်။ အဆိုပါနေ့ရက်အတွင်း ငွေလဲနှုန်းမှာ (၁)တာကာ လျှင် (၂၇.၄၀)ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၎င်းတို့နိုင်ငံ၏ လယ်ယာလုပ်ငန်းလုပ်ကိုင်သူများအတွက်အဓိက ထားထုတ်လုပ်လျက်ရှိသည့် ဓါတ်မြေသြဇာတင်ပို့မှုကို တင်းကြပ်စွာတားဆီးပိတ်ပင်လျက်ရှိကြောင်း ကုန်သည်လုပ်ငန်းရှင်များထံမှသိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News