Local News

ပုသိမ်မြို့နယ်တွင် ရန်ကုန်မြို့မှ ဝင်ရောက်လာသည့်အာလူးများ ဝယ်ယူမှုအားကောင်းသဖြင့် အရောင်းအဝယ်ဖြစ်

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ပုသိမ်မြို့နယ်တွင် ရန်ကုန်မြို့မှ ဝယ်ယူမှုအားကောင်းသဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ပုသိမ်မြို့နယ်မှ စားသောက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သီရီက ပြောပြ၍ သိရသည်။

ပုသိမ်မြို့နယ် ဈေးကွက်အတွင်း ရန်ကုန်မြို့မှ အာလူးများ ဝင်ရောက်လျက်ရှိကြောင်း၊ ပုသိမ်မြို့နယ်တွင် ရန်ကုန်မြို့မှ ဝင်ရောက်လာသည့်အာလူးများ နိုဝင်ဘာလ တတိယပတ်မှစ၍ ဝယ်ယူမှုအားကောင်းသဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ရန်ကုန်မြို့မှ ဝင်ရောက်လာသည့် အာလူး ပိဿာချိန် ၁၀၀ လျှင် ငွေကျပ် ၃၀၀၀၀၀ ထိ ဈေးပေါက်နေကြောင်း သိရသည်။

“ပုသိမ်ဈေးကွက်ထဲကို ရန်ကုန်ဘက်က အာလူးတွေဝင်ရောက်နေပါတယ်။ အလှူအတန်းတွေများလာတာနဲ့ အာလူးကြော်လုပ်ငန်းတွေ ပြန်လည်လည်ပတ်လာတာကြောင့် ဝယ်ယူမှုများလို့ အရောင်းအဝယ်ဖြစ်နေပါတယ်။ ဝင်ရောက်လာတဲ့ အာလူးတွေက လတ်ဆတ်မှုရှိပြီး အရည်အသွေးလဲကောင်းတယ်။ လက်ရှိ အာလူးတစ်ပိဿာကို ငွေကျပ် ၃၀၀၀ ထိ ဈေးပေါက်နေပါတယ်” ဟု ပုသိမ်မြို့နယ်မီ စားသောက်ကုန်ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်သီရိက ပြောပြသည်။

ပုသိမ်မြို့နယ်မှ စားသောက်ကုန်ရောင်းဝယ်ရေးနှင့် အာလူးပွဲရုံများတွင် တစ်ရက်လျှင် အာလူး ပိဿာချိန် ၂၅၀ မှ ၅၀၀ ထိ အရောင်းအဝယ်ဖြစ်နေကြောင်း၊ ရန်ကုန်မြို့မှ ဝင်ရောက်လာသည့် အာလူးများအရောင်းအဝယ်ဖြစ်လာသည့်အတွက် ကုန်သည်များ၊ ကုန်တင်ယာဉ် အငှားလိုက်သူများ၊ လုပ်သားများ၊ ပွဲရုံပိုင်ရှင်များ အလုပ်အကိုင် အခွင့်အလမ်းများရရှိလာကြောင်း ဒေါ်သီရိက ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News