Local News

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

Last Updated:

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသောပစ္စည်းများမှာ ငါးမျိုးစုံ၊ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်းတို့ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ပို့ကုန်တန်ချိန်(၂၄၄၉)၊ တန်ဖိုး အမေရိကန် ဒေါ်လာ(၂.၀၁၇)သန်း နှင့် သွင်းကုန် တန်ချိန် (၁၃၈)၊ (၆၉၂၆)BBL၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၈၀၉) (၁၀)မျိုးမှာ ဆီအုန်းတန်ချိန် (၂၇၅)၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၂၇၀၀၀.၀၀)၊ (၁)တန် ဈေးနှုန်း (၉၈.၁၈) အမေရိကန်ဒေါ်လာ၊ စက်ကလပ်ငါး တန်ချိန်(၃.၈၂၅)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၇၄၇၃.၀၀)၊ (၁)တန် (၁)တန် စျေးနှုန်း (၁၂၆၀)အမေရိကန်ဒေါ်လာ၊ ပလာတူးခက်ငါးတန်ချိန် (၆၇၂.၉၇၆)၊ တန်ဖိုးအမေရိကန် ဒေါ်လာ(၅၄၅၁၁၀.၅၆)၊ (၁)တန်စျေးနှုန်း (၈၁၀)အမေရိကန်ဒေါ်လာ၊ ငါးမဲလုံးတန်ချိန် (၂၇.၆၃၀)၊ တန်ဖိုး တန်ဖိုးအမေရိကန်ဒေါ်လာ (၁၀၃၃၉၅.၆၀)၊ (၁)တန်စျေးနှုန်း (၆၃၀) အမေရိကန်ဒေါ်လာ၊ ဘောင်းကြေးငါး ပါလူးစီငါးတန်ချိန်(၄.၄၂၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၈၃၉၈.၀၀)၊ (၁) တန်စျေးနှုန်း (၁၉၀၀)အမေရိကန် ဒေါ်လာ၊ ရေဘဝဲ တန်ချိန်(၁.၀၄၈)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၃၄၇၅၂.၀၀)၊ (၁)တန်စျေးနှုန်း (၂၂၄၀) အမေရိကန်ဒေါ်လာ၊ပုစွန်တန်ချိန် (၂.၃၄၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၂၈၇၀.၀၀)၊ (၁)တန် စျေးနှုန်း (၅၅၀၀) အမေရိကန်ဒေါ်လာတို့ဖြစ်ပါသည်။

အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းမှာဒီဇယ်ဆီတန်ချိန် (၉၀၀)တန်၊ တန်ဖိုး အမေရိ ကန်ဒေါ်လာ(၇၂၄၀၀၀.၀၀) ၊ (၁)တန်ဈေးနှုန်း (၈၀၄.၄၄) အမေရိကန်ဒေါ်လာ၊ ဓါတ်ဆီတန်ချိန် (၂၀)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၈၀၀၀.၀၀)၊ (၁)တန်ဈေးနှုန်း (၉၀၀) အမေရိကန်ဒေါ်လာ၊ ဓါတုဗေဒပစ္စည်းများ တန်ချိန် (၉၂)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၄၀၀၀.၀၀)၊ (၁)တန်ဈေးနှုန်း (၂၆၀.၈၆) အမေရိကန်ဒေါ်လာ၊ ပီလောပီနံမှုန့် တန်ချိန် (၃၀)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၆၀၀၀.၀၀) ၊ (၁)တန်ဈေးနှုန်း (၅၃၃.၃၃) အမေရိကန်ဒေါ်လာ၊ ပလပ်စတစ်ပုံး တန်ချိန် (၇)တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၁၄၀၀၀.၀၀)၊ (၁)တန်ဈေးနှုန်း (၂၀၀၀) အမေရိကန်ဒေါ်လာ၊ A4 စက္ကူ တန်ချိန် (၈)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၂၀၀၀.၀၀)၊ (၁)တန်ဈေးနှုန်း (၁၅၀၀) အမေရိကန်ဒေါ်လာဖြစ်ပြီး ငါးသယ်လှေ ကုန် (၁)တန် ရေယာဉ်ခ(ကုန်ကျစ်) ၂၁၀၀ဝိ/- ကျပ်ရှိကြောင်း သိရှိရပါသည်။

ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုကိစ္စရပ်များကို သက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ၆-၁၂-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁)သိန်းလျှင် (၁၀၂၅.၆၄)ဘတ်၊ (၁)ဘတ်လျှင် မြန်မာငွေ (၉၇.၅) ကျပ်ခန့်(၅-၁၂-၂၀၂၃) ရက်နေ့နှိုင်းယှဉ်လျှင် (၁.၅) ကျပ်ခန့် မြင့်တက်လျက်ရှိသည်။ စက်သုံးဆီဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၃၅၀၀)ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၃၅၀၀) ကျပ် ဖြင့်တည်ငြိမ်လျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News