Local News

မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့မှ ၅ ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှုငါးမှုန့်တစ်တန်လျှင်(၈၉၅) ဒေါ်လာနှုန်းဖြင့်(၇၉၅)တန်၊ တန်ဖိုး (၀.၇၁၁) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံ၊ ရနောင်းမြို့သို့ ရေလမ်းကြောင်းဖြင့် တင်ပို့ခဲ့ပါသည်။ ငါးကြိတ်သားတစ်တန်လျှင်(၁၈၀၇)ဒေါ်လာနှုန်းဖြင့်(၁၈) တန်၊ တန်ဖိုး (၀.၀၃၂) ဒေါ်လာ သန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံ စားခွင့်လျှောက်ထားရယူ၍   ထိုင်းနိုင်ငံသို့   ကားလမ်းကြောင်းဖြင့်   မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့်   ပရာကျွတ်ကရီခမ်ခရိုင်သို့  တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ  မောတောင် ကုန်သွယ်ရေးစခန်းအထိ ကုန်(၁)တန်လျှင်ကားခ (ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့မှ ဒီဇင်ဘာလ ၅ ရက်နေ့ အတွင်းသွင်းကုန်တင်သွင်းမှုသံချောင်း တစ်တန်လျှင် (၇၀၁.၃၀) ဒေါ်လာနှုန်းဖြင့်(၇၇) တန်၊ တန်ဖိုး (၀.၀၅၄) ဒေါ်လာသန်း၊ ဘတ်ထရီ 1U လျှင် (၁၆.၁၀) ဒေါ်လာနှုန်းဖြင့် (၄၉၀၆)U၊ တန်ဖိုး (၀.၀၇၉)ဒေါ်လာသန်း၊ စုစုပေါင်းသွင်းကုန်တန်ဖိုး(၀.၁၃၃) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ(၂၈၅၀) ကျပ်နှင့် ဒီဇယ်တစ်လီတာ (၂၈၆၀)ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၉၆) ကျပ်ဖြင့်အရောင်း အဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News