တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (ဒီဇင်ဘာလ ၁ ရက်မှ ၅ ရက်ထိ) ပို့ကုန် ကန်ဒေါ်လာ (၀.၃၀၆) သန်း၊ သွင်းကုန်ကန်ဒေါ်လာ (၀.၉၉၁) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ(၁.၂၉၇) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ (၅-၁၂-၂၀၂၃) ရက်တွင် ပို့ကုန်တင်ပို့မှု အနေဖြင့် ထောပတ်သီး(၈၃)တန်၊ တန်ဖိုး (၀.၀၅၀) ဒေါ်လာသန်း၊ စက္ကူဖြတ်စ (၃၄) တန် တန်ဖိုး (၀.၀၀၄)ဒေါ်လာသန်းနှင့် ပလပ်စတစ်ဖြတ်စ(၁၀)တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ စုစုပေါင်း (၀.၀၅၄)ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ ထိုင်းနိုင်ငံသုံးဘတ်ငွေလဲနှုန်းအနေဖြင့် (၅-၁၂-၂၀၂၃) ရက်နေ့တွင် ကျပ်(၁) သိန်းလျှင် (၁၀၂၅) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။
တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိကတင်သွင်းလျက်ရှိပြီး (၅-၁၂-၂၀၂၃) ရက်တွင် ကွန်ကရစ်အမိုးပြား (၀.၀၀၆) ဒေါ်လာ သန်း၊ မျက်နှာကျက်ပြား (၀.၀၀၅) ဒေါ်လာသန်း၊ မီးခံအုတ် (၀.၀၁၆) ဒေါ်လာသန်း၊ ကြွေပြား (၀.၀၂၀) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၀၁၈) ဒေါ်လာသန်း၊ တာယာ (၀.၀၀၂) ဒေါ်လာသန်း၊ ပလပ်စတစ်ခြင်း (၀.၀၁) ဒေါ်လာသန်း၊ ဖိနပ် (၀.၀၀၉) ဒေါ်လာသန်း၊ ပလပ်စတစ်ဖျာ (၀.၀၀၇) ဒေါ်လာသန်း၊ ပလပ်စတစ်ဘူးခွံ(၀.၀၀၁)ဒေါ်လာသန်းအပါအဝင်(၀.၁၁၈) ဒေါ်လာသန်းတင်သွင်း ခဲ့ပါသည်။
Source: https://commerce.gov.mm