Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၁၆.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၁၈.၅၀၀) ဒေါ်လာသန်းဖြစ်ပါသည်။ ဒီဇင်ဘာလ (၅) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန် (၂.၅၀၉) ဒေါ်လာသန်း၊ သွင်းကုန်(၀.၉၂၆)ဒေါ်လာသန်း၊ စုစုပေါင်း (၃.၄၃၅) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာ ထားချက်အပေါ် (၁၈.၅၆၇%) ဆောင်ရွက်ပြီးဖြစ်ပါသည်။

ဒီဇင်ဘာလ (၅) ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ဖရဲသီး၊  ရော်ဘာနှင့် ဧည့်မထဆန်တို့ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများတင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့အထိ ပို့ကုန် ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၅.၉၈)ဒေါ်လာတို့ဖြင့် တန်ချိန် (၆၂၀၀) တန်၊ တန်ဖိုး (၂.၁၅၁) ဒေါ်လာသန်း၊ ရော်ဘာစိမ်းတင်ပို့မှုအနေဖြင့် တန်ချိန် (၁၉၃)တန်၊ တန်ဖိုး (၀.၂၆၁) ဒေါ်လာသန်း၊ ဖရဲသီး တင်ပို့မှုအနေဖြင့် တန်ချိန် (၂၅၀) တန်၊ တန်ဖိုး(၀.၀၃၈)ဒေါ်လာသန်းနှင့် ဆန်တင်ပို့မှုအနေဖြင့် တန်ချိန် (၁၁၀)တန်၊ တန်ဖိုး(၀.၀၆၀)ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာ Iron Sheet ၊ Iron Pipe၊ Artificial Grass ၊ ပန်းသီး၊ လိမ္မော်သီး၊ Ceramic Tile နှင့် လူသုံးကုန်ပစ္စည်းများဖြစ်ပြီး ရင်းနှီးပစ္စည်း တန်ချိန် (၂၃) တန်၊ တန်ဖိုး (၀.၀၉၈) ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်းတန်ချိန် (၁၈၀) တန်၊ တန်ဖိုး (၀.၇၅၈) ဒေါ်လာသန်း၊ လူသုံးပစ္စည်းတန်ချိန် (၁၁၇) တန်၊ တန်ဖိုး (၀.၀၇၀) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News