Local News

မကွေးကုန်စည်ဒိုင်၏ သီးနှံမျိုးစုံစျေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု

Last Updated:

မကွေးတိုင်းဒေသကြီး၊ မကွေးကုန်စည်ဒိုင်နှင့် ပွဲရုံများ၌ သီးနှံမျိုးစုံ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိရာ နိုဝင်ဘာလနောက်ဆုံးပတ်တွင် မကွေးကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော သီးနှံစျေးနှုန်းများမှာ ပဲတီစိမ်း(သစ်) (၂၀)ပိဿာပါ တစ်တင်းလျှင် ကျပ်(၅၂၀၀၀)၊ ပဲနောက် (၂၀) ပိဿာပါ တစ်တင်းလျှင် ကျပ်(၄၆၅၀၀)၊ ပဲလွန်း(၁၉)ပိဿာပါ တစ်တင်းလျှင် ကျပ်(၅၅၀၀၀)၊ ကုလားပဲ(929) (၁၉)ပိဿာပါ တစ်တင်းလျှင် ကျပ်(၈၄၅၀၀)၊ ကုလားပဲ(ဟော်လန်) (၁၉) ပိဿာပါ တစ်တင်းလျှင် ကျပ်(၈၄၀၀၀)၊ ပဲကြီး(ဖြူ)ပြားကြီး (၁၉)ပိဿာပါ တစ်တင်းလျှင် ကျပ်(၁၃၀၀၀၀)၊ ပဲကြီးဖြူ(လတ်) (၁၉)ပိဿာပါ တစ်တင်းလျှင် ကျပ်(၁၂၀၀၀၀)၊ ပဲကြီးဖြူ(သေး)(၁၉)ပိဿာပါ တစ် တင်းလျှင် ကျပ်(၁၁၀၀၀၀)၊ နှမ်းနက်(စမုံ) (၁၅)ပိဿာပါ တစ်တင်းလျှင် ကျပ်(၁၀၇၀၀၀-၁၁၀၀၀၀)၊ နှမ်းဖြူ(၁၅)ပိဿာပါ တစ်တင်းလျှင် ကျပ်(၁၁၅၀၀၀)၊ နှမ်းနီ(မကွေး) (၁၅) ပိဿာပါ တစ်တင်းလျှင် ကျပ် (၁၀၀၀၀၀)၊ မြေပဲလုံးဆံ(နီ) တစ်ပိဿာလျှင် ကျပ်(၅၃၀၀-၅၅၀၀)နှင့် မြေပဲလုံးဆံ(ဖြူ) တစ် ပိဿာလျှင် ကျပ်(၅၅၅၀-၅၆၀၀)စသည့် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

   မကွေးကုန်စည်ဒိုင်၌ နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုအနေဖြင့် နှမ်းဖြူ (၁၀၀) တန်ခန့်၊ နှမ်းနီ (၂၅) တန်ခန့်၊ နှမ်းနက်(စမုံ) (၁၀၀) တန်ခန့်၊ နှမ်းနက် (ရိုးရိုး) (၅၀) တန်ခန့်၊ ပဲတီစိမ်း (၅၀) တန်ခန့်၊ ကုလားပဲ (၁၀၀) တန်ခန့်၊ ပဲကြီး(ဖြူ) (၄၀) တန်ခန့်၊ ပဲကြီး(မဲ) (၁၀) တန်ခန့်၊ စားတော်ပဲ (၂၀) တန်ခန့်၊ မတ်ပဲ (၁၅) တန်ခန့်နှင့် မြေပဲဆန်(၅၀၀) တန်ခန့်၊ ပဲနောက် (၅၀) တန်ခန့်နှင့် ပဲလွန်းဝါ (၇၀) တန်ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

Source: DOCA (မကွေး)

Source: https://commerce.gov.mm

Category: Local News