Local News

စလင်းမြို့၊ မြင်တင်ရပ်ကွက်ရှိ ပဲကြော်ထုတ်လုပ်မှုနှင့် ဈေးနှုန်းဈေးကွက်

Last Updated:

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့၊ မြင်တင်ရပ်ကွက်ရှိ ပဲပူးကြော်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိရာ ကုန်ကြမ်းအဖြစ် ပဲကြီးကို ဆင်ဖြူကျွန်းမြို့နှင့် မုံရွာမြို့တို့မှ တစ်တင်းလျှင်ကျပ် (၁၂၀,၀၀၀-၁၃၀,၀၀၀) ဖြင့် ဝယ်ယူရရှိကြောင်း၊ ပဲကြော်လုပ်ကိုင်ရာတွင် ပဲကြီးနှင့် ဆီတို့ အဓိကပါဝင်ပြီး ပဲကြီးကို တစ်နေ့နှင့်တစ်ည ရေစိမ်ပြီးနောက် စက်ဖြင့် အခွံချွတ်ပါက ပဲများကွဲထွက်သွားနိုင်ခြင်း၊ ပဲအလှ နည်းခြင်းများဖြစ်သည့်အတွက် လက်ဖြင့်အခွံချွတ်ရကြောင်း၊ အခွံချွတ်ပြီးသား ပဲများကို ရေဖြင့်သန့်စင်သွားအောင် ဆေးကြော၍ ရေစစ်ထားပြီးလျှင် ဆားအနည်းငယ်၊ ဆော်ဒါမှုန့်နှင့် ကော်မုန့် အနည်းငယ်ထည့်၍ ဆီနှင့်ကြော်ရကြောင်း၊ ပဲများကြွပ်လာလျှင် အအေးခံကာ ရရှိလာသော ပဲပူး ကြော်များကို (၁၀) ကျပ်သားထုပ်၊ (၅၀) ကျပ်သားထုပ်၊ (၁) ပိဿာထုပ်စသည့် အထုပ်များထုပ်၍ ဈေးကွက်သို့ တင်ပို့ရကြောင်း သိရသည်။

ပဲပူးကြော်ဈေးနှုန်း ဈေးကွက်များ အနေဖြင့် ပဲပူးကြော် (၁၀) ကျပ်သားထုပ် တစ်ထုပ်လျှင် ကျပ် (၁၃၀၀)၊ (၅၀) ကျပ်သားထုပ် တစ်ထုပ်လျှင် ကျပ် (၆၅၀၀)၊ (၁) ပိဿာထုပ် တစ်ထုပ်လျှင် ကျပ် (၁၃၀၀၀) ဈေးနှုန်းများဖြင့် ပွင့်ဖြူ၊ မင်းဘူး၊ စလင်း၊ ဆင်ဖြူကျွန်းနှင့် ဆိပ်ဖြူမြို့နယ်များသို့ တင်ပို့ရောင်းချရကြောင်း ပဲကြော်လုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။

Source: DOCA (မကွေး)

Source: https://commerce.gov.mm

Category: Local News