ပုသိမ်ခရိုင်၊ ပုသိမ်မြို့တွင်ရှိသော ဈေးများအတွင်း ရာသီအလိုက် စိုက်ပျိုးသော ကညွတ်များ ရောက်ရှိလာပါသည်။ ယခင်ပေါ်ဦးပေါ်ဖျား ဈေးနှုန်းမှာ (၁) ပိဿာလျှင် (၂၀၀၀၀-၂၅၀၀၀) ကျပ် ခန့်ရှိသော်လည်း ယခုအခါတွင် လှိုင်လှိုင်ပေါ်လာပြီဖြစ်သောကြောင့် (၁) ပိဿာလျှင် (၈၀၀၀-၉၀၀၀) ကျပ်သာ ရှိပါသည်။ ကညွတ်သည် စားသုံးသူများ အကြိုက်အများဆုံး အစားအစာတစ်ခုဖြစ်ကြောင်း တွေ့ရှိရပါသည်။
လူကြီး၊ လူငယ်မရွေး စားသုံးကြသည်သာမက ဘုန်းကြီးဆွမ်းပွဲ၊ အလှူပွဲများတွင်လည်း မပါမဖြစ် ဟင်းပွဲတစ်ခုအနေဖြင့်လည်း စားသုံးကြကြောင်း တွေ့ရှိရပါသည်။ ကညွတ်ကို ပုစွန်ဖြင့်ကြော်၍လည်းကောင်း၊ အသားအမျိုးမျိုးဖြင့်လည်းကောင်း၊ သက်သတ်လွတ်အဖြစ်လည်းကောင်း၊ ကြော်စားလျှင် အလွန်ချိုပြီး ထမင်းမြိန်စေသော အစား အစာတစ်မျိုးလည်း ဖြစ်ပါသည်။ ကညွတ်ပင်များ တစ်ခါချိုးပြီးလျှင် ပြန်လည်ထွက်လာသော အပင်သေးလေးများကိုလည်း ငပိရည်တို့စရာအဖြစ် ပြုတ်၍စားသုံးကြကြောင်းလည်း တွေ့ရှိရပါသည်။
ကညွတ်စိုက်ခြင်းသည် စီးပွားရေးတစ်ခုအနေဖြင့် ပြုလုပ်သင့်ကြောင်း သိရှိရပါသည်။ ကညွတ်စားသုံးခြင်းဖြင့် ကျန်းမာရေးကောင်းကျိုးများကိုလည်း လေ့လာဖတ်ရှု့ရခြင်းကြောင့် သိရှိရပြီး စားသုံးပေးသင့်သော အစားအစာအဖြစ် စီးပွားဖြစ်စိုက်ပျိုးသင့်သော ရာသီပေါ်သီးနှံတစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။
Source: https://www.doca.gov.mm
ကညွတ်များ ဈေးကွက်အတွင်းရောက်ရှိလာခြင်း
Category:
Local News