Local News

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

     မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (7-5-2023) ရက်နေ့တွင် ပို့ကုန်တန်ဖိုးကန် ဒေါ်လာ ၀.၉၁ သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (၂.၅၁၂) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ (၃.၄၂၂) သန်း ဆောင်ရွက်နိုင်ခဲ့သည်။ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ်သီးခြောက် ၁၁၄.၉၆၂ တန်၊ သရက်သီး ၃၄၂.၁ တန်၊ ကြက်သွန်နီ ၃၃၉ တန်၊ ငါးရဉ့်၂၆.၁၆တန်၊ ကဏန်း ၁၇.၉၇၅ တန်၊ ခဲသတ္တု ၁၇၀ တန်၊ မြေပဲ ၃၃ တန်၊ ငါးမှုန့် ၆၉ တန်၊ ဝါဂွမ်း ၁၆.၅၄ တန်၊ မိကျောင်းကွမ်းဖတ်စေ့ ၂၉.၈၂ တန်၊ တန်ဖိုး (၀.၀၂၉) ဒေါ်လာသန်းတို့ဖြစ်သည်။

     အများဆုံးတင်သွင်းခဲ့သည့်သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့် ယာဉ်ယန္တရားများ၊ ဘက္ထရီများ၊ ကြွေပန်းကန်ပြား/ ကြွေဇလုံ၊ ဖိနပ်မျိုးစုံ၊ စတီးပြား၊ ဒီဇယ်မီးစက်၊ သွပ်လိပ်၊ စာရေးစက္ကူ၊ အစားအစာထုပ်ပိုးသည့် ရွှေရောင်/ ငွေရောင်စက္ကူ၊ အလူမီနီယံသံဘောင်တို့ဖြစ်သည်။

       ၂၀၂၃ ခုနှစ်၊ မေလ (၁) ရက်နေ့မှ (၇) ရက်နေ့ထိ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (၈.၁၉၅) သန်း၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (၂၀.၉၆၈) သန်း၊ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ (၁၉.၁၆၃) သန်း ဆောင်ရွက်နိုင်ခဲ့သည်။ MACCS စနစ်အရ ငွေလဲနှုန်းတစ်ယွမ်လျှင် (၃၀၃.၉၁၈) ကျပ်ဖြင့် တွက်ချက်ထားရှိခြင်းဖြစ်ပြီး လက်ရှိတွင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။

Source: https://commerce.gov.mm
 

Category: Local News