International News

ရုရှားပင်လယ်စာ ဂျပန်တင်သွင်းမှု စံချိန်တင် များပြား

Last Updated:

     ဂျပန်နိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် ရုရှားနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများ ယန်း ၁၅၅.၂ ဘီလီယံဖိုး စံချိန်တင် တင်သွင်းခဲ့ကြောင်း ဂျပန်နိုင်ငံဘဏ္ဍာရေးဝန်ကြီးဌာန၏ အချက်အလက်များ အရ သိရသည်။ ယူကရိန်းစစ်ပွဲအတွင်း ရုရှား- ဂျပန် နှစ်နိုင်ငံအကြား ဆက်ဆံရေး ယိုယွင်းနေသော်လည်း ပင်လယ်စာအတွက် ရုရှားအပေါ်  ဂျပန်က  ဆက်လက်မှီခိုအားထားမှုကို မီးမောင်းထိုးပြနေပါသည်။ 

     ယမန်နှစ် ယူကရိန်းကို ရုရှား ကျူးကျော်ပြီးနောက် ဂျပန်နိုင်ငံသည်   ဗော့ဒ်ကာနှင့် သစ်ခွဲသား တင်သွင်းမှု ပိတ်ပင်ခြင်း အပါအဝင် ရုရှားအပေါ် စီးပွားရေး ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ သို့သော် ရေထွက်ကုန်ပစ္စည်းများကို ကင်းလွတ်ခွင့် ပေးထားသည်။ ယခင်စံချိန်ဟောင်းမှာ ၂၀၁၈ ခုနှစ်တွင် ရုရှားနိုင်ငံမှ ရေထွက်ပစ္စည်း ယန်း ၁၄၀.၂ ဘီလီယံဖိုးကို ဂျပန်နိုင်ငံမှ တင်သွင်းခဲ့ခြင်း ဖြစ်သည်။   ခန့်မှန်းခြေအားဖြင့် ဂျပန်တွင် စားသုံးသည့် ပင်လယ်စာများ၏ ၄၀% ဝန်းကျင်ကို ရုရှားထံမှ တင်သွင်းသည်။

      ၂၀၂၂ ခုနှစ်တွင် စုစုပေါင်းတန်ဖိုးအရကြည့်လျှင် ဂျပန်သည် ပင်လယ်စာကို ချီလီထံမှ အများဆုံး တင်သွင်းသည်။ အမေရိကန်ထံမှ ဒုတိယ အများဆုံး တင်သွင်းသည်။ ရုရှားထံမှ တတိယ အများဆုံး တင်သွင်းသည်။ ရုရှားမှ တင်သွင်းသော ရေထွက်ကုန်ပစ္စည်းများကို အမျိုးအစားရကြည်လျှင် နှင်းဂဏန်း snow crab သည် စုစုပေါင်းတန်ဖိုး အများဆုံးဖြစ်ပြီး ယန်း ၃၂.၆ ဘီလီယံဖိုး တင်သွင်းခဲ့သည်။ 

Source: https://www.foodindustrydirectory.com.mm
 

Category: International News