Local News

အိန္ဒိယနိုင်ငံတွင် ပဲလိုအပ်ချက်များသည့် အတွက် ပြည်တွင်းပဲစျေးမြင့်တက်နေ

Last Updated:

     အိန္ဒိယနိုင်ငံတွင် ပဲလိုအပ်ချက် ရှိနေသည့်အတွက် ပဲစျေးများ မြင့်တက်နေကြောင်း စျေးကွက်မှ သိရပါသည်။ ပြည်တွင်းပဲများကိုအိန္ဒိယ စျေးကွက်တစ်ခုကိုသာ အဓိကထား တင်ပို့နေခြင်းဖြစ်ပြီး ပြည်တွင် ပဲစျေးနှုန်းကျဆင်းခြင်းနှင့် မြင့်တက်ခြင်းသည် အိန္ဒိယနိုင်ငံနှင့် တိုက်ရိုက်သက်ဆိုင် လျက်ရှိသည်။ ယခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ ပဲအထွက်နှုန်း နည်းခဲ့၍ ပဲလိုအပ်ချက်ရှိကာ မြန်မာနိုင်ငံမှ ပဲများအား ဝယ်ယူလျက်ရှိ၍ ပဲစျေးများမြင့်တက်နေခြင်း ဖြစ်ကြောင်းသိရသည်။

     ထို့အပြင် ပြည်တွင်းတွင်လည်းပဲ အထွက်နှုန်းနည်းနေသည် အတွက်အရောင်းအဝယ်ဖြစ်ကာ စျေးနှုန်းမြင့်လာ ခြင်းဖြစ်ကြောင်းလည်း သုံးသပ်ကြသည်။ “ ပဲစျေးတွေ တက်နေတယ်။ ပဲစျေးတက်တာ အဓိက အိန္ဒိယလိုအပ်ချက် ရှိလို့ပါ။ ပဲအထွက်နှုန်းနည်းခဲ့တယ်။ ပြည်တွင်း အထွက်နှုန်း မှာလဲ ပဲစင်းငုံက လုံးဝလျော့တယ်။ တန်ချိန် တစ်သိန်းခွဲ နှစ်သိန်းလောက် ပဲထွက်တယ်၊ မတ်ပဲလည်း လျော့တယ်။ မနှစ်ကအခံနဲ့မှ တန်ချိန် ၄ သိန်းလောက်ပဲရှိမယ်” ဟု အောင်လံမြို့ ကုန်စည်ဒိုင်မှ ပဲကုန်သည် ဦးအောင်မိုး ကပြောသည်။

     ယခင်က မတ်ပဲ တစ်တန်လျှင် ၁၈ သိန်းသာရှိခဲ့ ပြီးလက်ရှိတွင်  သိန်း၂၁ နှင့် ၇ သောင်းအထိ ပြန် တက်လာခြင်း ဖြစ်ကြောင်းသိရသည်။ ယင်းအပြင်လက်ရှိ ပဲစိမ်းငုံတစ်တန်လျှင် ၂၄ သိန်း ၇ သောင်း ၅ ထောင်အထိ ပေါက်စျေးရှိကြောင်းသိရသည်။ လက်ရှိ အိန္ဒိယက ပဲတင်သွင်းကို အခွန်ကင်းလွတ် ခွင့်ပေးထားခြင်း ဖြစ်ကြောင်းကုန်သည်များ ကပြောသည်။

     “တင်ပို့မူအခြေအနေက အိန္ဒိယက တောက်လျှောက်၀ယ်နေတာပဲ၊ ဒီခြားထဲ ဒီဘက်က မရောင်းနိုင် ဘူး၏ဖြစ်နေတာတွေရှိတယ်ဒါကြောင့်ပဲမျိုးစုံက အကုန်တက်မှာ” ဟု ပဲကုန်သည် တစ်ဦးက ပြောသည်။

      ပြည်ပပေါက်စျေး FOB အနေဖြင့်  မတ်ပဲ တစ်တန်လျှင် ဒေါ်လာ ၉၁၀မှ ၉၁၅  ထိ ရှိပြီး ပဲစိမ်းငုံ တစ်တန်လျှင် ဒေါ်လာ ၁၀၁၀မှ ၁၀၂၀ ကျော် ထိရှိကြောင်း သိရသည်။ အိန္ဒိယနိုင်ငံ အနေဖြင့် ပြည်တွင်းမတ်ပဲထက် ပဲစင်းငုံကို ပိုမိုဝယ်ယူလျက်ရှိကြောင်း သိရသည်။ အကြောင်းအမျိုးမျိုး ကြောင့်ပြည်ပသို့ ပဲတင်ပို့မူ ယခင်နှစ်များနှင့်ယှဉ်ပါက ထက်ဝက်ကျဆင်းလျက် ရှိကြောင်း ပဲကုန်သည်များထံ မှ သိရသည်။  ယခုနှစ်တွင် ပဲစင်းငုံ တန်ချိန် တစ်သိန်းခွဲနှင့် မတ်ပဲ တန်ချိန်တစ်သိန်းကျော်အထိ တင်ပို့ပြီးသွားပြီ ဖြစ်ကြောင်းသိရသည်။

Source: https://t.me/htwettoe

 

Category: Local News