မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့မှ ဩဂုတ်လ (၁) ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှုငါးကြိတ်သား တစ်တန်လျှင် (၁၈၂၀) ဒေါ်လာနှုန်းဖြင့် (၂၁.၆၀၀) တန်၊ တန်ဖိုး (၀.၀၃၉) ဒေါ်လာသန်း၊ ငါးမှုန့် တစ်တန်လျှင် (၉၀၀) ဒေါ်လာနှုန်းဖြင့် (၃၂၅) တန်၊ တန်ဖိုး (၀.၂၉၃) ဒေါ်လာသန်း၊ စုစုပေါင်း ပို့ကုန်တန်ဖိုး (၀.၃၃၂) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်းရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန်(၁) တန်လျှင်ကားခ (ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။
မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃၁)ရက်နေ့မှ ဩဂုတ်လ(၁)ရက်နေ့အတွင်းသွင်းကုန်တင်သွင်းမှုပုစွန်စာ တစ်တန်လျှင် (၁၂၁၂) ဒေါ်လာနှုန်းဖြင့် (၁၅၀)တန်၊ တန်ဖိုး (၀.၁၈၂) ဒေါ်လာသန်းအား တင်သွင်းခဲ့ပါသည်။မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ (၂၅၉၀) ကျပ်နှင့်ဒီဇယ်တစ်လီတာ (၂၅၆၈) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၉၇.၂၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။
Source: https://commerce.gov.mm