Local News

မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

     မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျှက် ရှိရာ (၂၉-၇-၂၀၂၃) ရက်နေ့မှ (၃၁-၇-၂၀၂၃) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း၊ မတ်ပဲ၊ ကြက်သွန်နီ၊ ရေထွက်ကုန်များဖြစ်သည့် ငါးကြင်း၊ ငါးရှဉ့်၊ ပုဇွန်၊ ငါးခွေးလျှာတို့အပြင် ဂေါ်ဖီထုပ်၊ ငရုတ်၊ ဖိနပ်နှင့် CMP ပစ္စည်းများဖြစ်သည့် အမျိုးသား/အမျိုးသမီး အဝတ်အထည်များ တင်ပို့ခဲ့သည်။ (၂၉-၇-၂၀၂၃) ရက်နေ့မှ (၃၁-၇-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ CMP၊ ပြောင်း၊ ငရုတ်၊ ကြက်သွန်နီ၊ ‌ဂေါ်ဖီထုပ်၊ ဖိနပ်၊ ရေထွက်ကုန်ပစ္စည်းနှင့် အခြားပစ္စည်းတို့ ဖြစ်သည်။

    ယခုအခါ ထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာဆောင်ရွက်လာမှုနှင့်အတူ အသုံးပြုရန်လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်းကုန်ကြမ်းဝယ်လိုအား မြှင့်တက် နေ၍ လတ်တလောကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။ ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီ၊ ဂေါ်ဖီထုပ်နှင့် ငရုတ်များကိုလွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက်လိုင်စင်ထုတ်ပေးခြင်း၊ ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိသည်။

     သွင်းကုန်ပစ္စည်းများအနေဖြင့် တိရစ္ဆာန်အစာ၊ တိရစ္ဆာန်ဆေး၊ စက်ဘီး၊ အဝတ်အထည်၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊  ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ ဆေးဝါး၊ Packing Materials၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ ဖိနပ်၊ သစ်သီးမျိုးစုံ၊ Garment ၊ ဓါတ်မြေဩဇာ၊ အိမ်သုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်နှင့်စက်ပစ္စည်းကိရိယာများ၊ အိမ်သုတ်ဆေး၊ စက်ဆီ/ချောဆီ ကုန်ကြမ်း ပစ္စည်း၊ ယန္တရားစက် ပစ္စည်းများ၊  ငါးဖမ်းပစ္စည်း၊ စက်ဆီ/ချောဆီနှင့် အလှကုန်ပစ္စည်းတို့ တင်သွင်းခဲ့သည်။ 

       (၂၉-၇-၂၀၂၃ မှ ၃၁-၇-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ Garment ၊ ဓါတ်မြေဩဇာ၊ အဝတ်အထည်၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ စက်ဆီ/ချောဆီ၊ ယန္တရားစက်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ စက်နှင့်စက်အပိုပစ္စည်းများ၊ ဆေးဝါး၊ သစ်သီးမျိုးစုံ၊ လူသုံးကုန်ပစ္စည်းများနှင့် အခြားပစ္စည်းတို့ ဖြစ်သည်။ ငွေစျေးနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် (၉၈.၀၄)ရှိပြီး ယခုအပတ်တွင် (၉၇.၀၉) ကျပ်ဖြစ်ပါသဖြင့်  ဘတ်စျေးအနည်းငယ်ကျခဲ့ပါကြောင်းနှင့် ကုန်ပစ္စည်းများ တင်ပို့၊ တင်သွင်းခြင်းကို  ရန်ကုန်-ဘားအံ- မြဝတီကုန်သွယ်မှုလမ်းကြောင်းအတိုင်း ပုံမှန်ဆောင်ရွက်လျက်ရှိသည်။  

     (၂၂-၇-၂၀၂၃ မှ ၂၈-၇-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း (၁၀)မျိုးမှာ ပြောင်း(၁)တန်လျှင် ပျမ်းမျှ(၂၈၂.၃၃၂)ဒေါ်လာဖြင့် (၂၀၁၄၂.၉၆၄)တန်(၅.၆၈၇)ဒေါ်လာသန်း၊ ချုပ်ပြီး အထည် (၁၄.၉၄၇) တန် (၂၆၅၁၃၆) (U) ဖြင့် (၁.၅၆၉)ဒေါ်လာသန်း၊ ကြက်သွန်နီ(၁)တန်လျှင် (၅၁၀.၁၈၉)ဒေါ်လာဖြင့် (၁၃၂၅)တန်(၀.၆၇၆)ဒေါ်လာသန်း၊ သတ္တုနှင့်သတ္တုရိုင်း(၁)တန်လျှင် (၁၁၇၁. ၀၅) ဒေါ်လာဖြင့် (၁၅၂.၀၀၀)တန် (၀.၁၇၈) ဒေါ်လာသန်း၊ ငရုတ်သီး(အစို) (၁)တန်လျှင် (၇၃၃.၆၇၇) ဒေါ်လာဖြင့် (၆၆၅.၁၄၃)တန် (၀.၄၄၈) ဒေါ်လာသန်း၊ ငရုတ်သီး (ခြောက်) (၁) တန်လျှင် (၁၆၅၅.၄၁၅) ဒေါ်လာဖြင့် (၈၅.၁၇၅)တန် (၀.၁၄၁) ဒေါ်လာသန်း၊ ဂေါ်ဖီထုပ် (၁)တန်လျှင် (၂၀၁.၃၂၀) ဒေါ်လာဖြင့် (၆၀၆)တန် (၀.၁၂၂) ဒေါ်လာသန်း၊ ငါးမျိုးစုံ (၁)တန်လျှင် (၁၀၉၁.၃၆၇) ဒေါ်လာဖြင့် (၇၁.၄၇၀) တန် (၀.၀၇၈) ဒေါ်လာသန်း၊ မတ်ပဲ(၁)တန်လျှင် (၉၃၇.၅၀၀) ဒေါ်လာဖြင့် (၆၄)တန် (၀.၀၆၀)‌ ဒေါ်လာသန်းနှင့် အခြားရေထွက်ပစ္စည်း(၁)တန်လျှင် (၃၃၃၃.၃၃၃)‌ ဒေါ်လာဖြင့် (၄.၈၀၀) တန် (၀.၀၁၆) ဒေါ်လာသန်းတို့ ဖြစ်ပါသည်။ ပို့ကုန်ကားခအနေဖြင့် ယာဉ်အမျိုးအစား အလိုက် (၁၂) ဘီးယာဉ်၏ ကုန်ကျစ် (၁)ပိဿာ စျေးနှုန်းမှာ (၁၂၀)ကျပ်၊ ကုန်ပွ(၁) ပိဿာ စျေးနှုန်းမှာ (၁၃၀)ကျပ်၊ (၂၂)ဘီး ယာဉ်၏ ကုန်ကျစ် (၁) ပိဿာ စျေးနှုန်းမှာ (၉၀) ကျပ်၊ ကုန်ပွ (၁)ပိဿာ စျေးနှုန်းမှာ (၁၀၀)ကျပ် ရှိသည်။

      (၂၂-၇-၂၀၂၃ မှ ၂၈-၇-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း (၁၀)မျိုးမှာ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၅.၆၇၀) ဒေါ်လာသန်း၊ ပုံနှိပ်စက္ကူများ (၁.၂၇၅) ဒေါ်လာသန်း၊ စက်နှင့် စက်ပစ္စည်းများ (၁.၂၁၀) ဒေါ်လာသန်း၊ ‌ဆောက်လုပ်ရေးပစ္စည်းများ (၁.၂၀၄) ဒေါ်လာသန်း၊ ဆပ်ပြာ (၁.၁၇၉) ဒေါ်လာသန်း၊ ဆေးဝါးပစ္စည်းများ (၁.၁၀၆) ဒေါ်လာသန်း၊ အလှကုန် ပစ္စည်းမျိုးစုံ (၀.၉၆၅) ဒေါ်လာသန်း၊  တာယာနှင့်ကျွတ်များ (၀.၈၆၃) ဒေါ်လာသန်း၊ အခြားစက္ကူများ (၀.၈၅၂) ဒေါ်လာသန်းနှင့် ဓာတုဗေဒပစ္စည်းများ (၀.၅၂၉) ဒေါ်လာသန်းတို့ ဖြစ်ပါသည်။ သွင်းကုန်ကားခ (ကုန်စုံပစ္စည်း) အနေဖြင့် ယာဉ်အမျိုးအစားအလိုက် (၁၂) ဘီးယာဉ်၏ ကုန်ကျစ်(၁) ပိဿာ စျေးနှုန်းမှာ (၂၀၀) ကျပ်၊ ကုန်ပွ (၁) ပိဿာ စျေးနှုန်းမှာ (၂၁၀)ကျပ်၊ (၂၂) ဘီးယာဉ်၏ ကုန်ကျစ် (၁)ပိဿာ စျေးနှုန်းမှာ (၁၆၀)ကျပ်၊ ကုန်ပွ(၁)ပိဿာ စျေးနှုန်းမှာ (၁၇၀)ကျပ် ရှိပါသည်။ မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၃  ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန်(၄၆.၃၆၁) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၉၈.၉၈၁) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၄၄.၃၄၁) ကန်ဒေါ်လာသန်း  ဆောင်ရွက်နိုင်ခဲ့သည်။

Source: https://commerce.gov.mm

Category: Local News