Local News

မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်(၁-၈-၂၀၂၃) ရက်နေ့ ကုန်သွယ်မှုအခြေအနေ

Last Updated:

     မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (၁-၈-၂၀၂၃) ရက်နေ့တွင်ပို့ကုန်တန်ဖိုးကန် ဒေါ်လာ (၁.၄၆၂) သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (၀.၃၂၄) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (၁.၇၈၆) သန်း ဆောင်ရွက်နိုင်ခဲ့သည်။ အများဆုံးအမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြေးနီ(၇၀.၀၀၀)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၂၀၂)သန်း၊ ပဲတီစိမ်း(၂၄၂.၀၀၀)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၁၆၇)သန်း၊ ငါးရှဉ့်(၅၀.၄၈၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၅၂) သန်း၊ ရေခဲပုစွန် (၄၇.၀၈၈) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၁၅၀) သန်း၊ ပုစွန်ဖွဲ(၂၆၄.၀၀၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၁၂၇)သန်း၊ နနွင်းတက်(၁၅၆.၅၅၀)တန်၊ တန်ဖိုး (၀.၀၈၀)ဒေါ်လာသန်း၊ ကဏန်း(၁၉.၃၅၀)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၇၄)သန်း၊ ကြက်သွန်နီ(၁၅၅.၀၀၀)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၇၂)သန်း၊ သကာရည်(၂၀၅.၀၀၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၇၂)သန်း၊ အလူမီနီယံ(၃၄.၀၀၀) တန်၊ တန်ဖိုး (၀.၀၆၁) ဒေါ်လာသန်းတို့ဖြစ်သည်။

     အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာယာဉ်နှင့်ယာဉ်ယန္တရားများ ကန်ဒေါ်လာ (၀.၂၁၃)သန်း၊ Plastic Sheet တန်ဖိုးကန်ဒေါ်လာ(၀.၀၅၂)သန်း၊ ဓာတ်ဆီ တန်ဖိုးကန်ဒေါ်လာ (၀.၀၄၉)သန်း၊ ဖိနပ်အမျိုးမျိုးတန်ဖိုး ကန်ဒေါ်လာ (0.004)သန်း၊ Hair Dressing Clip Comb တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂) သန်း၊Hydraulic Jacjk တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁) သန်း၊ Electric Welding Machine တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁) သန်း၊ Portable Air Compressor တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁) သန်း၊ Curtain Fabric တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁) သန်းတို့ဖြစ်သည်။

    ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၁)ရက်နေ့တွင် ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ(၁.၄၆၂)သန်း၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ(၀.၃၂၄)သန်း၊ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ(၁.၇၈၆)သန်း ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါသည်။ MACCS စနစ်အရ ငွေလဲနှုန်းတစ်ယွမ်လျှင် (၂၉၃.၂၃၇၅) ကျပ်ဖြင့် တွက်ချက်ထားရှိခြင်းဖြစ်ပြီး လက်ရှိတွင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။ အတက်ကုန် မန္တလေးမှ ကျိန်စမ်းကျော့သို့ ကားခတစ်ပိဿာလျှင် ကျပ် ၂၀၀/- နှုန်းဖြစ်ပါသည်။ အဆင်းကုန် ကျိန်စမ်းကျော့မှ မန္တလေးသို့ ကားခကုန်ကျစ်တစ်ပိဿာလျှင် ၂၀၀/- ကျပ်နှုန်း၊ ကုန်ပွ တစ်ပိဿာလျှင် ကျပ် ၂၅၀/- မှ ကျပ် ၃၀၀/- နှုန်းခန့် ရှိသည်။

 (၁-၈-၂၀၂၃)ရက်နေ့အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအား ကြေးနီ(၁)တန်လျှင် အမေရိကန်ဒေါ်လာ(၂၈၇၉.၃၁၃)နှုန်း၊ ပဲတီစိမ်း(၁)တန်လျှင် အမေရိကန်ဒေါ်လာ(၆၉၀.၁၅၃)နှုန်း၊ ငါးရှဉ့်(၁)တန်လျှင် အမေရိကန်ဒေါ်လာ(၃၀၁၂.၈၂၀)နှုန်း၊ ‌ရေခဲပုစွန်(၁)တန်လျှင် အမေရိကန်ဒေါ်လာ(၃၁၉၂.၁၉၀) နှုန်း၊ပုစွန်ဖွဲ(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၄၈၀.၃၇၆) နှုန်း၊ နနွင်းတက် (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၅၁၂.၉၈၀)နှုန်း၊ ကဏန်း(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၃၈၁၇.၃၉၄)နှုန်း၊ကြက်သွန်နီ (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၄၆၄.၃၅၀) နှုန်း၊သကာရည်(၁)တန်လျှင် အမေရိကန်ဒေါ်လာ(၃၄၉.၀၉၂)နှုန်း၊အလူမီနီယံသတ္တု(၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၈၀၃.၆၆၂)နှုန်းဖြင့် တင်ပို့နိုင်ခဲ့သည်။

Source: https://commerce.gov.mm

Category: Local News