Local News

မန္တလေးကုန်စည်ဒိုင်တွင်ပဲတီစိမ်းဈေးနှုန်းကျဆင်းနေ

Last Updated:

ဩဂုတ်လ ဒုတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်တွင် ပဲတီစိမ်း (အညာ) ဈေးအနည်းငယ် ကျဆင်းလာ ကြောင်းသိရသည်။ ဈေးကွက်သို့ ကျောက်ဆည်နယ်နှင့် မန္တလေး အနီးတဝိုက်မှ ဝင်ရောက်နေပြီး ပဲအသစ် အဝင်ရှိခြင်း၊  အရည်အသွေးနှင့် အစိုဓာတ်အပေါ် မူတည်၍ ရောင်းဝယ်နေကြခြင်းကြောင့် ဈေးအပြောင်းအလဲ ဖြစ်နေတာမို့  အများကြီးကျဆင်းတာမျိုး မဟုတ်ပဲ ပုံမှန်ပေါက် ဈေးထက် အနည်းငယ်ကျခြင်းဖြစ်ကြောင်း၊ ပြည်ပ တင်ပို့မှုရှိကြောင်း မန္တလေးကုန်စည်ဒိုင်ဈေး ကွက်မှသိရသည်။

ပဲတီစိမ်း(အညာ) ၅၆.၂၅ပိဿာဝင် သုံးတင်းဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၁၅၀၀၀၀ မှ ၁၇၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၁၆၅၀၀၀ မှ ၁၇၅၀၀၀၊ ယခင်လ ကျပ် ၁၅၅၀၀၀ မှ ၁၇၂၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ် ထက် ကျပ် ၅၀၀၀ မှ ၁၅၀၀၀၊ ယခင်လထက် ကျပ် ၂၀၀၀ မှ ၅၀၀၀ နိမ့်ကျလာကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News