Local News

မန္တလေးကုန်စည်ဒိုင်တွင်မတ်ပဲနှင့်ပဲစဉ်းငုံနီဈေးနှုန်းမြင့်တက်လာ

Last Updated:

ဩဂုတ်လ ဒုတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်တွင် မတ်ပဲအသစ်များ ဈေးကွက်ထဲ ဝင်ရောက်မှုရှိနေပြီး အဝင် ရှိသလောက် အရောင်းသွက်နေကြောင်း ပြည်ပမှလည်း ဝယ်ယူမှု ရှိသောကြောင့် ဈေးနှုန်းမြင့်တက်လာကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။

မတ်ပဲ ၆၀ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၂၃၀၀၀၀ မှ ၂၄၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၂၀၀၀၀ မှ ၂၃၀၀၀၀၊ ယခင်လ ကျပ် ၁၇၀၀၀၀ မှ ၂၁၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀၀၀၊ ယခင်လထက်ကျပ် ၂၅၀၀၀ မှ ၆၀၀၀၀ မြင့်တက်လာသည်။

ပဲစဉ်းငုံအနီမှာ ပြီးခဲ့တဲ့အပတ်နှင့် ယှဉ်လျှင် ဈေးအနည်းငယ် ပြန်မြင့်တက်လာကြောင်း ဈေးမြင့်တက်ပေမဲ့ တစ်ပတ်အတွင်းမှာ ဈေးငြိမ်နေတဲ့ အခြေအနေဖြစ်ကြောင်း၊ ပဲစဉ်းငုံနီ လက်ကျန်နည်းခြင်း၊ အိန္ဒိယနိုင်ငံကို တင်သွင်းရမယ့် ပမာဏသတ်မှတ်ထားတာဖြစ်လို့ ပြည်ပတင်ပို့မည့် ဝယ်လက်အဝယ်ရှိသောကြောင့် ဈေးမြင့် လာကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။

ပဲစဉ်းငုံ(နီ) ၆၀ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၃၀၅၀၀၀ မှ ၃၁၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၀၀၀၀၀၊ ယခင်လ ကျပ် ၃၀၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်၊ ယခင်လထက် ကျပ် ၅၀၀၀ မှ ၁၀၀၀၀ မြင့်တက်လာသည်။

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News