Local News

မုံရွာမြို့၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ကြက်သွန်နီဈေးကွက်အခြေအနေ

Last Updated:

ဩဂုတ်လ ဒုတိယအပတ်တွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မုံရွာပွဲရုံသို့ ကြက်သွန်နီများ ပိဿာချိန် (၁၂၀၀၀) ကျော် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံသို့ ဝင်ရောက် လာသော ကြက်သွန်နီများကို ဒေသတွင်းအဆွဲများ၊ ရန်ကုန်-မန္တလေးနှင့် ချင်းတွင်းအထက် မြစ်ရိုးတစ် လျှောက်တင်ပို့လျက်ရှိကြောင်း သိရသည်။
  ယခုတစ်ပတ်အတွင်း မုံရွာပွဲရုံများတွင် ဝင်ရောက်လျက်ရှိသော ကြက်သွန်နီ တစ်ပိဿာ ပေါက်ဈေးနှုန်းများမှာ လက်ကားဈေးနှုန်း ကြက်သွန်နီ(ကြီး) (၂၂၅၀-၂၁၅၀)ကျပ်၊ (လတ်) (၂၁၀၀-၁၉၅၀) ကျပ်၊ (သေး) (၁၆၅၀-၁၅၀၀) ကျပ် ပေါက်ဈေးရှိပြီး အလုံးအရွယ်အစား အစိုအခြောက်ပေါ် မူတည်၍ ဈေးနှုန်းများ ကွာခြားလျှက်ရှိပါသည်။ ကြက်သွန်နီ လက်လီ ဈေးနှုန်းများမှာ (ကြီး) (၂၄၀၀-၂၂၅၀)ကျပ်၊ (လတ်) (၂၂၀၀-၂၁၀၀)ကျပ်၊ (သေး) (၁၇၅၀-၁၆၀၀)ကျပ် ပေါက်ဈေးရှိပါသည်။ ကြက်သွန်ဖြူ တစ်ပိဿာ လက်ကားဈေးနှုန်းမှာ (ဗမာ) (၈၅၀၀-၉၂၀၀) ကျပ်၊ (ရှမ်းစ) (၇၃၀၀-၈၁၀၀) ကျပ်၊ ကြူကုတ် (၇၂၀၀-၈၀၀၀) ကြက်သွန်ဖြူ လက်လီဈေးမှာ(ဗမာ)(၉၀၀၀-၁၀၀၀၀)ကျပ်၊ (ရှမ်းစ) (၇၆၀၀-၈၇၀၀)ကျပ်၊ ကြူကုတ် (၇၅၀၀-၈၆၀၀) ကျပ်ဖြင့် အလုံးအရွယ်အစား အစိုအခြောက်ပေါ် မူတည်၍ ဈေးနှုန်းကွာခြားလျှက်ရှိကာ အသီးသီးအရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News