Local News

ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ကုန်သွယ်မှုသတင်း

Last Updated:

ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေကုန်သွယ်ရေးစခန်းမှတစ်ဆင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ (၂၉-၇-၂၀၂၃) မှ (၄-၈-၂၀၂၃) အထိ အမှန်တင်ပို့ကုန်ပစ္စည်းများအနေဖြင့် မန်ကျည်းစေ့၊ ဇီးဖတ်၊ ချင်း(အစို) နှင့် ဇီးယိုထုပ်တို့ တင်ပို့ရာ တန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာ ၇၁၁၁၀ ဒေါ်လာ  တင်ပို့ခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၉ ရက်မှ ဩဂုတ်လ ၄ ရက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်အနေဖြင့် ချင်း(အစို) တန်ချိန် ၈၇ တန် တင်ပို့ခဲ့ပါသည်။ ယခင်အပတ်မှာ ချင်း(အစို) တန်ချိန် ၄၆ တန် တင်ပို့ခဲ့ပြီး ယခင်အပတ်ထက် ယခုအပတ်တွင်ချင်း (အစို) တန်ချိန် ပိုမို၍ တင်ပို့ နိုင်ခဲ့ကြောင်းသိရပါသည်။ ယခုအပတ် ချင်း(အစို) တင်ပို့နိုင်မှု ငွေပမာဏမှာ ၃၉၁၅၀ ဒေါ်လာ တင်ပို့မှု ရှိခဲ့ပါသည်။

၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၉ ရက်မှ ဩဂုတ်လ ၄ ရက်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံသို့ လုပ်ငန်းသုံးကုန် ပစ္စည်းများအနေဖြင့် Writing A4 paper (60 to 80 GSM) ကို တင်သွင်းခဲ့ရာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၉၅၅၀ ဒေါ်လာ တင်သွင်းနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရခိုင်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News