Local News

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်တွင်(၃၁-၇-၂၀၂၃ မှ ၄-၈-၂၀၂၃ ) အတွင်းဖြစ်ပေါ်ခဲ့သော ကုန်စည်ဈေးနှုန်းများ

Last Updated:

ကြက်သွန်နီ

ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့် မုံရွာမြိုတို့မှ ကြက်သွန်နီများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်နီ (တစ်ပိဿာ) ဈေးနှုန်းများမှာ၊ ဆိပ်ဖြူရှယ် ကျပ် ၂၂၅၀ ၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၂၂၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၂၁၅၀၊ ဆိပ်ဖြူလတ်ချော ကျပ် ၁၈၀၀ ၊ မုံရွာရှယ် ကျပ် ၂၂၅၀၊ မုံရွာလတ်ကြီး ကျပ်  ၂၂၀၀ ၊ မုံရွာလတ်သန့်  ကျပ် ၂၁၅၀ နှင့်  မုံရွာလတ်ချော ကျပ် ၁၈၀၀ အသီးသီး ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ဆိပ်ဖြူရှယ် ကျပ် ၅၀၊ ဆိပ်ဖြူ လတ်ကြီး ကျပ် ၅၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၅၀၊ မုံရွာရှယ် ကျပ် ၅၀ ၊ မုံရွာလတ်ကြီး ကျပ်  ၅၀  နှင့် မုံရွာလတ်သန့်  ကျပ် ၅၀ အသီးသီးဈေးမြင့်တက်ခဲ့သည်။ ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်မှုမှာ ယခင်အပတ်က ကားစီးရေ ၁၂၅ စီး (၇၅၀၀၀၀ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ ၈၀ စီး (၄၈၀၀၀၀ပိဿာ) ဝင်ရောက်ခဲ့ သောကြောင့် ယခင်အပတ်ထက် ကြက်သွန်နီ ကားစီးရေ ၄၅ စီး (၂၇၀၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ ကြောင်း သိရသည်။

ကြက်သွန်ဖြူ

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ်နှင့် အောင်ပန်းမြို့တို့မှ ကြက်သွန်ဖြူများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်ဖြူ (တစ်ပိဿာ) ဈေးနှုန်းများမှာ ကြူကုတ်ရှယ်  ကျပ် ၇၂၀၀၊ အောင်ပန်း ထူး-၂  ကျပ် ၇၂၀၀၊ အောင် ပန်းထူး-၃ ကျပ် ၇၇၀၀၊ အောင်ပန်းထူး-၄ ကျပ် ၈၂၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၈၄၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ကြက်သွန်ဖြူဈေးများ ငြိမ်လျက်ရှိပါသည်။ ယခင် အပတ်က ကုန်စည်ဒိုင်သို့ ကြက်သွန်ဖြူအိတ် ၂၈၀၀ (၈၄၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကြက်သွန်ဖြူအိတ် ၂၄၀၀ (၇၂၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ သောကြောင့် ယခင်အပတ်ထက် ကြက်သွန်ဖြူအိတ်ရေ ၄၀၀ (၁၂၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

(Domestic(Ygn) MITC)

Category: Local News