Local News

ဘုရင့်နောင်ကုန်စည်ဒိုင်၏ (၃၁-၇-၂၀၂၃ မှ ၄-၈-၂၀၂၃) အတွင်း ကုန်စည်ဈေးနှုန်းများ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲများ၏ (တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC  (2023 Crop) ကျပ် ၂၃၂၇၀၀၀ မတ်ပဲ SQ/RC  (2023 Crop) ကျပ် ၂၅၃၇၀၀၀ နှင့် ပဲစင်းငုံ Red/RC (2023 Crop) ကျပ် ၃၁၁၅၀၀၀ ဈေး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/ RC(2023 Crop) ကျပ် ၅၀၀၀၀ နှင့် မတ်ပဲ SQ/RC  (2023 Crop) ကျပ် ၅၀၀၀၀ နှင့် ပဲစင်းငုံ Red/RC (2023 Crop) ကျပ် ၁၂၇၅၀၀ ဈေးမြင့်တက်ခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ မတ်ပဲFAQ/RC (2023 Crop) ကွန်တိန်နာ ၆၀ လုံး ( တန်ချိန် ၁၄၄၀) နှင့် မတ်ပဲ SQ/RC( 2023 Crop) ကွန်တိန်နာ ၅လုံး ( တန်ချိန် ၁၂၀)ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲFAQ/RC (2023 Crop) ကွန်တိန်နာ ၂၅ လုံး ( တန်ချိန် ၆၀၀) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် မတ်ပဲFAQ/RC (2023 Crop) ကွန်တိန်နာ ၃၅ လုံး (တန်ချိန် ၈၄၀) နှင့် မတ်ပဲ SQ/RC( 2023 Crop) ကွန်တိန်နာ ၅လုံး (တန်ချိန် ၁၂၀) စုစုပေါင်းကွန်တိန်နာ ၄၀လုံး (တန်ချိန် ၉၆၀) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

ငရုတ်

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး ( တစ်ပိဿာ ) ဈေးနှုန်းများမှာ ပန်းရဲငရုတ်(သစ်) AC ကျပ် ၁၂၀၀၀၊ မြှားနီ ကျပ် ၁၂၀၀၀၊ အိမ်မဲ ကျပ် ၁၁၀၀၀၊ ဆင်ဖြူကျွန်း (ပု) ကျပ် ၁၆၀၀၀ နှင့် မြစ်ဝ(ပု)သစ် ကျပ် ၁၆၀၀၀ ဈေး အသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ငရုတ်သီး ဈေးများ ငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ငရုတ်ရှည် အိတ်ပေါင်း ၁၇၀၀ ( ၃၄၀၀၀ ပိဿာ)  နှင့် ငရုတ်ပု အိတ်ပေါင်း ၁၀၀ (၁၅၀၀ ပိဿာ) ဝင်‌ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည် အိတ်ပေါင်း ၁၃၀၀ ( ၂၆၀၀၀ ပိဿာ)  နှင့် ငရုတ်ပု အိတ်ပေါင်း ၅၀ (၇၅၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ငရုတ်ရှည် အိတ်ပေါင်း ၄၀၀ (၈၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ် ပေါင်း ၅၀ ( ၇၅၀ ပိဿာ ) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။  

မန်ကျည်း

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့်ကပ် (သစ်) ကျပ် ၁၃၀၀၊ မန်ကျည်းအသား (သစ်) ကျပ် ၂၃၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မန်ကျည်းသီး ပွင့်ကပ် (သစ်) ကျပ် ၅၀  ဈေးကျဆင်းခဲ့ကြောင်းသိရသည်။

ထန်းလျက်၊ ကြံသကာ နှင့် သကြား

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့် သကြား (တစ်ပိဿာ) ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး) ကျပ် ၃၆၀၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၃၈၀၀၊ ပခုက္ကူကြမ်း ကျပ် ၃၅၀၀၊ ရေစကြို ထန်းလျက်(ချော)ကျပ် ၃၈၀၀၊ ကြံသကာ(စစ်)ကျပ် ၂၆၀၀နှင့် သကြား (ပြည်တွင်း) ကျပ် ၃၄၀၀ ဈေးအသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း တောင်သာမလိုင် (ဒုံး) ကျပ် ၅၀ ဈေးကျဆင်းခဲ့ပြီး  ကျန်အမျိုးအစားများမှာ ဈေးငြိမ် လျက်ရှိကြောင်း သိရသည်။

(Domestic (Ygn) MITC)

Category: Local News