Local News

နိုင်ငံခြားငွေရောင်းချခြင်းကို Online Trading တွင်ရောင်းချနိုင်သည့် သတ်မှတ်ချက်များ

Last Updated:

နိုင်ငံခြားငွေဈေးကွက်အတွင်း ဘဏ်နှင့် Customer များအကြား အရောင်းအဝယ် ပြုလုပ်ရာတွင်လည်းကောင်း Customer အချင်းချင်း အရောင်းအဝယ် ပြုလုပ်ရာတွင်လည်းကောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှကြီးမှူး ဆောင်ရွက်သည့် Online Trading အစီအစဉ်တွင် ဆောင်ရွက်ရန်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၂၁-၆-၂၀၂၃) ရက်စွဲပါစာဖြင့် ညွန်ကြားခဲ့ပါသည်။

နိုင်ငံခြားငွေရောင်းချခြင်းကို Online Trading တွင်ရောင်းချနိုင်သည့် သတ်မှတ်ချက်များ  -

(က)         ပို့ကုန်တင်ပို့ရောင်းချသူသည် ပင်လယ်ရေကြောင်းမှဖြစ်စေ၊ နယ်စပ်ကုန်သွယ်ရေးမှဖြစ်စေ၊ ED အသစ် ဖြစ်စေ၊ ED အဟောင်းဖြစ်စေ၊ မည်သည့်ငွေကြေးအမျိုးအစားဖြစ်စေ၊ ပို့ကုန်ရငွေများအနက်မှ ၎င်းရောင်းချခွင့် ရှိသည့် ပို့ကုန်ပမာဏကို ရောင်းချနိုင်သည်။

(ခ)           Non-Trade ဖြင့် နိုင်ငံခြားငွေရရှိသူသည် ၎င်းအသုံးပြုနိုင်သည့် ပမာဏမှ ရောင်းချနိုင်သည်။

(မှတ်ချက်။  အာရှနိုင်ငံများသို့ ပို့ကုန်တင်ပို့ခြင်းဖြစ်ပါက တင်ပို့သည့်နေ့မှ ၄၅ ရက်အတွင်းကိုလည်းကောင်း၊ အခြား နိုင်ငံများသို့ ပို့ကုန်တင်ပို့ခြင်းဖြစ်ပါက တင်ပို့သည့်နေ့မှ ၉၀ ရက်အတွင်းကိုလည်းကောင်း၊  ED အသစ်ဟု သတ်မှတ်၍ အထက်ပါသတ်မှတ်ကာလများ ကျော်လွန်သွားပါက ED အဟောင်းဟု သတ်မှတ်သည်။)

နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ရောင်းဝယ်ခြင်းများအား Online Trading အစီအစဉ်ဖြင့်သာ ဆောင်ရွက်ရန် ဖြစ်ပြီး Customer အချင်းချင်း၊ Customer မှဘဏ်သို့ရောင်းချခြင်းတို့ကို Online ဈေးနှုန်းဖြင့်သာ ရောင်းချရန်နှင့် ပြင်ပတွင် ဈေးနှုန်းညှိနှိုင်းရောင်းချပါက ဘဏ်ကို ဒဏ်ကြေးရိုက်ခြင်းနှင့် လိုင်စင်ရုပ်သိမ်းခြင်း၊ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များအား ပို့ကုန်သွင်းကုန် လိုင်စင်ပိတ်သိမ်းခြင်းတို့ကို အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန် ထားကြောင်း သိရှိရပါသည်။

Category: Local News