Local News

ကချင်ပြည်နယ်၏ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုတစ်ပတ်အတွင်းနှိုင်းယှဉ်မှု

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်မှ ဩဂုတ်လ ၄ ရက်နေ့အတွင်း ကံပိုင်တည်နယ်စပ် ကုန်သွယ်‌ရေးစခန်းနှင့် လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများအနေဖြင့် တစ်သျှူးငှက်ပျော၊ ဆန်၊ ရာဘာနှင့် ဆန်ကွဲများ တင်ပို့ခဲ့ပြီး ပို့ကုန်၏ စုစုပေါင်းငွေပမာဏမှာ ၆၁၆၁၂၅.၅၈၀ ကန်ဒေါ်လာ တင်ပို့ခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်မှ ၂၈ ရက်နေ့ထိ တင်ပို့ကုန်၏ငွေပမာဏ ၆၁၂၂၁၃.၇၂၀ ကန်ဒေါ်လာနှင့် ကာလတူ တင်ပို့ကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၃၉၁၁.၈၆၀ ကန်ဒေါ်လာတန်ဖိုး ပိုမို၍ တင်ပို့ မှုရှိခဲ့သည်ကို တွေ့ရပါသည်။

သွင်းကုန်ပစ္စည်းများအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်မှ ဩဂုတ်လ ၄ ရက်နေ့အတွင်း မီးဖိုချောင်သုံး ပစ္စည်းများ၊ ချည်ထည်များ၊ ဓါတ်မြေသြဇာများ၊ စက်နှင့်စက်ပစ္စည်းများ၊ ဆေးဝါပစ္စည်းများ၊ ပလပ်စတစ်ကုန်ကြမ်း ပစ္စည်းများ၊ ဘတ္တရီခြောက်များ၊ ပလပ်စတစ်ပိုက်၊ သံပိုက်နှင့်မြက်ခင်းတုများ တင်သွင်းခဲ့ပြီး သွင်းကုန်၏ ငွေပမာဏတန်ဖိုးမှာ ၁၁၃၀၈၉၈၄၈.၀ ကန်ဒေါ်လာ တင်သွင်းခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်မှ ၂၈ ရက်နေ့ထိ တင်သွင်းကုန်၏ငွေပမာဏတန်ဖိုး ၈၅၁၇၅၀.၈၇၀ ကန်ဒေါ်လာနှင့် ကာလတူတင်သွင်းကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၂၇၉၁၄၇.၆၁၀ ကန်ဒေါ်လာတန်ဖိုး ပိုမို၍ တင်သွင်းခဲ့သည်ကို တွေ့ရပါသည်။

တင်ပို့ကုန်နှင့် တင်သွင်းကုန်တို့၏ ငွေပမာဏများအား နှိုင်းယှဉ်ကြည့်ရာ တင်ပို့ကုန်၏ ငွေပမာဏမှာ ၅၁၄၇၇၂.၉၀၀ ကန်ဒေါ်လာတန်ဖိုး လျော့နည်းပြီး ကုန်သွယ်မှုပြုခဲ့ကြောင်း ကုန်သွယ်မှုစာရင်းများအရ တွေ့ရပါ သည်။ ငွေလဲနှုန်းများမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် ၀.၃၄၂ ယွမ် ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၂၉၂.၃၉ ကျပ်ရှိကြောင်းသိရှိရပါသည်။

ကချင်ပြည်နယ်ဦးစီးမှူးရုံး

                                                                                                            

Category: Local News