Local News

အဓိကပြောင်းတင်ပို့နေသည့် မြဝတီ လမ်းမကြီး ပျက်စီးသွားသည့် အတွက် ပြောင်းစျေးကွက် ပြန်အေးသွား

Last Updated:

     ထိုင်းနိုင်ငံသို့ အဓိကတင်ပို့နေသည့် လမ်းကြောင်းဖြစ်သော မြဝတီကော့ကရိတ် အာရှလမ်းသစ်လမ်းပိုင်း ပျက်စီးသွားသောကြောင့် ပြောင်းစျေးကွက်ပြန်အေးသွားကြောင်း သိရသည်။ဩဂုတ်လ ၇ ရက်နေ့က မြဝတီကော့ကရိတ် အာရှလမ်းသစ်လမ်းပိုင်း တောနော်ရေတံခွန်ကွေ့အနီးတွင်တောင်မြေပြိုကျမှုကြောင့် အာရှကုန်သွယ်ရေးလမ်းမကြီး ပေ ၁၀၀ ခန့် ပြိုကျပျက်စီးသွားကာ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်သွားကြောင်း သိရသည်။ 

     ထို့ကြောင့်ပြည်တွင်းမှ ပြောင်းစေ့များ ကိုထိုင်းနိုင်ငံသို့ အကောက်ခွန်သက်သာခွင့် သုညရာခိုင်နှုန်းဖြင့် ဖေဖော်ဝါရီလမှ ဩဂုတ်လအထိ တင်သွင်းခွင့်ပေးထာခြင်းကြောင့် ယခုကာလအတွင်း exporterများအနေဖြင့်အကြိတ်အနယ် တင်ပို့နေရသည့်ကာလဖြစ်၍ ယင်းကိစ္စများကြောင့် အခက်တွေ့နိုင်ကြောင်းသိရသည်။ “မြဝတီကလမ်းကြောင်း ပျက်သွားတဲ့အတွက် စျေးကွက်ကတော့ အေးသွားတယ်။ တစ်ပတ်ဆယ်ရက်အတွင်း ပြန်ပြင်ပေးမယ်ပြောတော့ အဲ့တစ်ပတ်ဆယ်ရက်အတွင်းမှာ ကုန်သွယ်စီးဆင်မူ ရပ်သွားနိုင်တယ်။ ရပ်သွားနိုင်အတွက် ပြောင်းစျေး အေးသွားနိုင်တယ်။ အခုလောလောဆယ်တောင် တစ်ပိဿာကို ၂၀လောက် အေးသွားပြီ"ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

     ရန်ကုန် ပြောင်းစျေးမှာ တစ်ပိဿာ လျှင် ၁၂၁၀ နှင့် ၁၂၃၀ ကြားတွင် အရောင်းဝယ်ဖြစ်နေပြီး ဇူလိုင်လ နောက်ဆုံးအပတ်ကနေ စတင်ဈေးမြင့်တက်လာခဲ့တာ ဖြစ်သည်။ “ ဒီနှစ်က တက်လိုက်ကျလိုက်နဲ့ အခုတော့ငြိမ်နေတယ်။ အခုလောလောဆယ်တော့ လမ်းပိုင်းဆက်သွယ်ရေးမှာ အခက်ခဲဖြစ်နေတယ်။ နောက်ပိုင်းအလားလာတော့ ခန့်မှန်းရခက်တယ်။ ပြောင်းလက်ကျန်နည်းနည်းလေးရှိတာရယ် လမ်းပိုင်းဆက်သွယ်ကြောင့်ရယ် ပြောရတာခက်တယ်” ဟု ပြောင်းလုပ်ငန်းရှင်တစ်ဦးကပြောသည်။

     လမ်းပိုင်းဆက်သွယ်ရေး ကောင်းချိန်က တစ်လလျှင် ထိုင်နိုင်ငံသို့ တန်ချိန် တစ်သိန်း ခွဲ နှင့် နှစ်သိန်းကြား တင်ပို့နေရကြောင်းသိရသည်။ ထိုင်းနိုင်ငံသို့ တင်ပို့၍မရသော်လည်း Normal trade အနေဖြင့်  စာချုပ်ရှိ ပြီးသားနိုင်ငံတွေဖြစ်သည့် ဗီယမ်နမ်နိုင်ငံနှင့် ိလစ်ပိုင်နိုင်ငံသို့တင်ပို့နေကြဦးမည်ဖြစ်ကြောင်းသိရသည်။ ထိုင်းနယ်စပ်ကုန်သွယ်ရေးမှ တစ်ဆင့် ၆ လပိုင်းထိ ၁.၇ သန်းတင်ပို့ထားပြီး လက်ရှိထိုင်းနိုင်ငံမှ တခြားနိုင်ငံများထပ် စျေးကွက်ရရှိမူကောင်းကြောင်း သိရသည်။

     ဩဂုတ်လ အပြီးမှာတော့ ပြောင်းကလက်ကျန်နည်းသွားမည်ဖြစ်ပြီး ဆောင်းပြောင်းမှာ ၉ လပိုင်း၊ ၁၀ လပိုင်းအတွင်း ပျဉ်းမနား၊ တောင်ငူ၊ ရှမ်းမြောက်၊ ကယားစသည့်ဒေသများမှ ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိ တိုင်းနှင့်ပြည်နယ် ၇ ခုတွင် ပြောင်းစိုက်ဧက ၁သိန်းခွဲ ဝန်းကျင်မှ နှစ်စဉ် တန်ချိန် ၃သန်း အထိ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။ 

 

Source: https://t.me/htwettoe

Category: Local News